Instagram ရဲ့ Close Friends နဲ့အလားတူ “Circle” ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေပြီဖြစ်တဲ့ Twitter

လူမှုကွန်ရက်ပေါ်မှာ ကိုယ့်အတွေးတချို့ကို တင်ထားချင်ပေမဲ့ လူတိုင်းကိုလည်း ပေးမဖတ်ချင်တတ်ကြပါဘူး။ Close Friends ဆိုတာကို Instagram သုံးတဲ့သူအတော်များများက ရင်းနှီးနေနှင့်ပြီးသားပါ။ Instagram ရဲ့ Close Friends လုပ်ဆောင်ချက်က ၂၀၁၈ ခုနှစ်ကတည်းက စတင်ရရှိခဲ့ပေမဲ့ Twitter ကတော့ အခုမှစတင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလာတာပါ။

အကြောင်းအရာတစ်ခုကို တင်လိုက်ပေမဲ့ ကိုယ့်ရဲ့ရင်းနှီးတဲ့မိတ်ဆွေ၊ သူငယ်ချင်းတွေကိုပဲ မြင်စေချင်တာ၊ သိစေချင်တာမျိုးဆိုရင်တော့ Twitter မှာ Circle လို့ခေါ်ဆိုတဲ့ Tweets တွေကိုပဲ ပြရမှာ ဖြစ်ပါတယ်။ Twitter သုံးစွဲသူတွေအနေနဲ့ Close Friends ရဲ့လုပ်ဆောင်ချက်နဲ့ ဆင်တူတဲ့လုပ်ဆောင်ချက်ကို ရရှိမှာပါ။

Twitter ဟာ ဒီလုပ်ဆောင်ချက်ကို ကနဦးစမ်းသပ်မှုပြုလုပ်ပြီးဖြစ်တာကြောင့် သုံးစွဲသူတွေဆီ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ကျက်လာတာကို တွေ့မြင်ရပါတယ်။ Twitter ကို Logging လုပ်ချိန်မှာဖြစ်ဖြစ်၊ Browser တစ်ခု ဒါမှမဟုတ် စမတ်ဖုန်းကနေ ဝင်ရောက်တဲ့အခါ အချို့အသုံးပြုသူတွေဟာ Circle အတွက် Pop-up တစ်ခုပေါ်လာတာကို တွေ့မြင်ကြရပြီဖြစ်ပါတယ်။

Compose tweet” panel ထဲကိုဝင်ပြီး Audience ကိုနှိပ်ခြင်းအားဖြင့် (ပုံမှန်အားဖြင့် “Everyone” အဖြစ်သတ်မှတ်ထားပေမဲ့လည်း Communities ဆီ Tweet လုပ်ခွင့်ပြုပါတယ်) “Twitter Circle” ရွေးချယ်မှုအသစ်ကို ပြသပါလိမ့်မယ်။ ကိုယ်ထည့်ချင်တာထည့်၊ ဖြုတ်ချင်တာဖြုတ်၊ ပြုပြင်ဖို့အတွက်တော့ “Edit” ကို နှိပ်ရမှာ ဖြစ်ပါတယ်။ Circle ကနေ တစ်ဦးတစ်ယောက်ကို ထည့်သွင်းတာ၊ ဒါမှမဟုတ် ဖယ်ရှားတာတွေအတွက် တခြားလူတွေသိမှာမဟုတ်ပါဘူး။

လက်ရှိအချိန်မှာတော့ “Circle” ကို Twitter အသုံးပြုသူတိုင်း မရရှိသေးပါဘူး။ ဒါပေမဲ့ ကုမ္ပဏီက ကျယ်ကျယ်ပြန့်ပြန့်ဖြန့်နေပြီဖြစ်တဲ့အတွက် မကြာခင်အချိန်အတွင်း ကမ္ဘာတစ်ဝန်းကအသုံးပြုသူတွေအားလုံး ရရှိမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Android Police

The post Instagram ရဲ့ Close Friends နဲ့အလားတူ “Circle” ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေပြီဖြစ်တဲ့ Twitter appeared first on MyTech Myanmar.

Comments