MediaTek Helio G80 Chipset နဲ့ Galaxy A13 ကို မိတ်ဆက်ဦးမယ့် Samsung

Samsung ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက Galaxy A23 ဖုန်းနဲ့အတူ Budget Galaxy A Series ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy A13 ကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Samsung ကနေ Galaxy A13 ကိုပဲ 5G Version အနေနဲ့ ထပ်မံမိတ်ဆက်ရောင်းချနေတာဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ဆုံးရရှိတဲ့သတင်းတစ်ခုကတော့ ထူးခြားနေပြီး ဒါကတော့ Samsung ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက မိတ်ဆက်ပြီးသားဖြစ်တဲ့ Galaxy A13 ကို Processor Chipset ပြောင်းလဲပြီး ထပ်မံမိတ်ဆက်သွားဖို့ရှိနေတာပဲဖြစ်ပါတယ်။ အခု အသစ်ပြောင်းလဲသွားမယ့် Chipset အနေနဲ့ကတော့ MediaTek ရဲ့ Helio G80 Chipset ဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်နိုင်ခြေများနေတာကတော့ အစောပိုင်းတုန်းက Samsung Galaxy A13 ဖုန်းမှာ အသုံးပြုခဲ့တဲ့ Exynos 850 Chipset ဟာ စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းခဲ့တာကြောင့် အခုလိုမျိုး ပြောင်းလဲပြီး မိတ်ဆက်တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း Samsung ကနေ အဆိုပါ MediaTek Helio G80 Chipset အသစ်နဲ့ Galaxy A13 ဖုန်းကို ဘယ်အချိန်မှာမိတ်ဆက်မလဲဆိုတာကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။

Samsung ဟာ အခုလိုမျိုး စမတ်ဖုန်းတစ်မျိုးကိုပဲ မတူညီတဲ့ Chipset ကို ပြောင်းလဲပြီး မိတ်ဆက်မှုမျိုးကို Galaxy A12 တုန်းကလည်း ပြုလုပ်ခဲ့ဖူးပြီး အစောပိုင်း MediaTek Helio P35 Chipset ကိုပဲ အသုံးပြုထားပေမယ့် နောက်ပိုင်းမှာ Exynos 850 Chipset နဲ့ ပြောင်းလဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Ref – Gizmo China

The post MediaTek Helio G80 Chipset နဲ့ Galaxy A13 ကို မိတ်ဆက်ဦးမယ့် Samsung appeared first on MyTech Myanmar.

Comments