Apple ရဲ့ In-house 5G Modem ပြဿနာဟာ နည်းပညာဆိုင်ရာမဟုတ်ဘဲ မူပိုင်ခွင့်ကြောင့်သာဖြစ်

Intel ထွက်ခွာသွားပြီးတဲ့နောက် Qualcomm ဟာ Apple ကို 5G Chip ရောင်းချပေးတဲ့ ကုမ္ပဏီအဖြစ် ခိုင်မာတဲ့ဆက်ဆံရေး ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း Apple ဟာ Qualcomm ကို မှီခိုအားထားနေရတာနဲ့ပတ်သက်ပြီး စိတ်မသက်မသာဖြစ်နေရတဲ့အခြေအနေကို ရပ်တန့်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီအတွက် Apple ဟာ Intel ကို ဝယ်ယူပြီး ကိုယ်ပိုင် 5G modem ကို ဖန်တီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ Apple ဟာ 5G modem developing မှာ မအောင်မြင်တာကြောင့် မူလအချိန်စာရင်း H2 2023 အတိုင်း အကောင်အထည်မဖော်နိုင်သေးဘူးလို့ မကြာသေးခင်ကပဲ Ming-Chi Kuo ဖော်ပြခဲ့ပါတယ်။ Kuo ရဲ့ Tweet မှာ နောက်ကွယ်က အကြောင်းရင်းကို ဖော်ပြခြင်းမရှိပါဘူး။

ဒါပေမဲ့ Apple ရဲ့ 5G Modem developing ကိစ္စဟာ နည်းပညာပိုင်းဆိုင်ရာ ကြောင့်လို့အထင်ရှိခဲ့ကြပေမဲ့ အခုအခါမှာတော့ FOSS Patents ဟာ ဆန့်ကျင်ဘက်အမြင်ကို ဖြစ်ပေါ်စေခဲ့ပါပြီ။ ပြဿနာက Apple ရဲ့ အားထုတ်မှုဟာ မူပိုင်ခွင့်ဆိုင်ရာကြောင့်ဖြစ်ပါတယ်။

Apple ဟာ ၂၀၂၅ မှာ ကုန်ဆုံးမဲ့ Qualcomm နဲ့ လိုင်စင်သဘောတူညီချက်တစ်ခုရှိပြီး ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးဖို့လည်း ရွေးချယ်နိုင်ပါသေးတယ်။ ကနဦးမှာတော့ Apple ဟာ သဘောတူညီချက်သက်တမ်းမကုန်ခင် In-house modem ကို ထုတ်လုပ်နိုင်မယ်လို့ ထင်ခဲ့ပေမဲ့ အခုတော့ မဖြစ်နိုင်တော့ပါဘူး။

ရယ်စရာကောင်းတာက Apple ရဲ့ Developing ကို အဟန့်အတားဖြစ်စေတဲ့မူပိုင်ခွင့်နှစ်ခုဟာ 5G နဲ့ လုံးဝကြီးသက်ဆိုင်နေတာ မဟုတ်တာပါပဲ။ တစ်ခုက ဖုန်းအဝင်ခေါ်ဆိုမှုကို Text message နဲ့ ငြင်းဆိုတာဖြစ်ပါတယ်။ (ဥပမာ− I’m busy) နောက်တစ်ခုကတော့ App-switching interface နဲ့ ပတ်သက်တဲ့အရာတစ်ခုပါ။

ပြဿနာကတော့ Apple အနေနဲ့ In-house modem ကို ပြောင်းလဲလိုက်မယ်ဆိုရင် Qualcomm က အဆိုပါ မူပိုင်ခွင့်နှစ်ခုအတွက် တရားစွဲဆိုဖွယ်ရှိလာတာပါပဲ။ ဒီမူပိုင်ခွင့်နှစ်ခုဟာ ၂၀၂၉ နဲ့ ၂၀၃၀ တို့မှာ အသီးသီး သက်တမ်းကုန်ဆုံးကြမှာဖြစ်ပြီး ဒါကိုပယ်ဖျက်ဖို့ Apple က ကြိုးပမ်းခဲ့ပေမဲ့ တရားရုံးက ကြားနာခြင်းမပြုဖို့ ဆုံးဖြတ်လိုက်တာကြောင့် အခက်တွေ့နေတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး Apple ကတော့ တရားဝင်တုန့်ပြန်ထားတာမျိုး မရှိသေးပါဘူး။

Ref: GSM Arena

The post Apple ရဲ့ In-house 5G Modem ပြဿနာဟာ နည်းပညာဆိုင်ရာမဟုတ်ဘဲ မူပိုင်ခွင့်ကြောင့်သာဖြစ် appeared first on MyTech Myanmar.

Comments