Exynos ထုတ်လုပ်မှုကို မရပ်ဆိုင်ဘူးလို့ Samsung ပြော

Samsung ကတော့ Exynos Chip ထုတ်လုပ်မှုကို ရပ်ဆိုင်းတော့မယ်ဆိုပြီး ထွက်ပေါ်နေတဲ့ကောလာဟလတွေကို တရားဝင်ငြင်းဆိုလိုက်ပါတယ်။ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးအနေနဲ့ လာမဲ့ ၂၀၂၃/၂၀၂၄ မှာ သူ့ရဲ့ Flagship တွေကို Exynos SoCs တွေမသုံးတော့ဘူးလို့ သတင်းထွက်ပေါ်ခဲ့တာကလည်း ကောလာဟလကို ပိုပြီးမီးထိုးပေးလိုက်သလို ဖြစ်နေပါတယ်။

တောင်ကိုရီးယားက စောင့်ကြည့်နေတဲ့မီဒီယာတွေအနက် တစ်ခုကတော့ Exynos ကို စွန့်လွှတ်လိုက်တော့မယ်ဆိုတဲ့ ကောလာဟလတွေဟာ မှားယွင်းနေတယ်လို့ ဆိုပါတယ်။ Samsung ရဲ့ ထုတ်ပြန်ချက်က သူတို့ရဲ့ 2022 Q2 conference call အတွင်းမှာ ထွက်ပေါ်ခဲ့ပြီး သူတို့ရဲ့ သုံးလပတ်ဆိုင်ရာ ရလဒ်ကောင်းကိုလည်း ပြသခဲ့ပါတယ်။

Samsung ဟာ သူ့ရဲ့ Exynos ထုတ်လုပ်မှုလုပ်ငန်းကို ရပ်ဆိုင်းမှာမဟုတ်ကြောင်းပြောထားပြီး Exynos အမှတ်တံဆိပ်ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ချဲ့ထွင်ဖို့လည်းလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ Samsung ဟာ အခြားသော IP လုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး သူ့အဓိကဖော်ကသည်တွေရဲ့ဈေးကွက်ဝေစုကိုမြှင့်တင်ဖို့ အစောပိုင်းတိုးတက်မှုတွေကို စတင်ဖို့မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။

Samsung ဟာ Galaxy S စီးရီးအတွက် အထူးပရီမီယံ Processor ကိုလည်း လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ Samsung ရဲ့ 1,000+ Dream Team ဟာ High-end chip အသစ်ကို လုပ်ဆောင်နေတယ်လို့ သတင်းထွက်နေတာပါ။ ဒါပေမဲ့လည်း Galaxy S 23 စီးရီးမှာတော့ ပြိုင်ဘက် Qualcomm ရဲ့ Snapdragon တွေကိုပဲ အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။

Samsung ရဲ့ Exynos Chipအသစ်ထွက်ရှိချိန်ဟာ လာမဲ့ ၂၀၂၅ ခုနှစ်အဖြစ် ရည်မှန်းထားတယ်လို့ သိရပါတယ်။ Samsung ဟာ ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းကို ဆက်ပြီးလုပ်ဆောင်ဖို့စီစဉ်ထားကြောင်း ထပ်လောင်းပြောဆိုခဲ့ပြီး ဈေးကွက်အမြင်နဲ့ ကမ္ဘာလုံးဆိုင်ရာလိုအပ်ချက်တွေကို ကာလလတ်နဲ့ ရေရှည်အတွက် ခွဲခြမ်းစိတ်ဖြာပြီးကြည့်ရှုနေကြော်ငးလည်း ပြောဆိုခဲ့ပါတယ်။

Ref: Gizmochina

The post Exynos ထုတ်လုပ်မှုကို မရပ်ဆိုင်ဘူးလို့ Samsung ပြော appeared first on MyTech Myanmar.

Comments