အရည်အသွေးမြင့် ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာတဲ့ Samsung Galaxy Watch 5 Series

နာမည်ကြီး Tipster Evan Blass နဲ့ 91 Mobiles တို့ ပူးပေါင်းပြီး Samsung Galaxy Watch 5 Series ရဲ့ အရည်အသွေးမြင့် ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။ အဲဒီ စမတ်နာရီတွေကို ဩဂုတ်လ ၁၀ ရက်နေ့ Unpacked Event မှာ ကြေညာမှာပါ။

Samsung Galaxy Watch 5 Series

အခု ဓါတ်ပုံတွေမှာ Galaxy Watch 5 နဲ့ Watch 5 Pro ရဲ့ ဒီဇိုင်းကို ပိုမို လေ့လာလို့ရလာပါတယ်။ ဘယ်ဘက်အစွန်ဆုံးက မော်ဒယ် ၂ ခုရဲ့ နံပါတ်ဟာ SM-R920 နဲ့ R925F တို့ ဖြစ်ကြပြီး Galaxy Watch 5 Pro ဖြစ်ပါတယ်။ အဲဒီ ၂ လုံးမှာ 45mm Dial Size ပါလာပြီး အားကစား ဒီဇိုင်း လက်ပတ် တပ်ဆင်ထားပါတယ်။

Samsung Galaxy Watch5 series leaks in official renders - GSMArena.com news

နောက်ထပ် မော်ဒယ် ၃ ခုက ရိုးရိုး Galaxy Watch 5 ဖြစ်ပြီး နံပါတ်တွေက SM-R900, SM-R905F နဲ့ SM-R910 တို့ ဖြစ်ပါတယ်။ 40mm နဲ့ 44mm Dial Size တွေ ထုတ်လုပ်ထားပြီး ဆီလီကွန် လက်ပတ်ကြိုးတွေ ပါပါတယ်။

Pro Version မှာ ရိုးရိုးထက် ဘက်ထရီ ပိုကြီးတဲ့အတွက် ဘေးဘောင်တွေ ပိုကြီးသလို ပိုထူပါတယ်။ စမတ်နာရီ အားလုံးမှာ Physical ခလုတ် ၂ ခုကို ညာဘက်ခြမ်းမှာ တပ်ဆင်ထားပြီး မိုက်ကရိုဖုန်းအတွက် သေးငယ်တဲ့ Cutout ပါလာပါတယ်။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်မှာပါ။

Galaxy Watch 5 Series မှာ GPS ပါလာမှာ ဖြစ်ပြီး Galaxy Watch 5 Pro (SM-R925F) နဲ့ Galaxy Watch 5 (SM-R905F) မှာ LTE ထည့်သွင်းထားမှာပါ။ Pro အတွက် Black နဲ့ Brown ၊ ရိုးရိုး မော်ဒယ်အတွက် Rose Gold, Lavender နဲ့ Black အရောင်တွေ ထုတ်လုပ်ထားမှာပါ။

Ref : gizmochina

The post အရည်အသွေးမြင့် ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာတဲ့ Samsung Galaxy Watch 5 Series appeared first on MyTech Myanmar.

Comments