Apple ဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်တုန်းက ပထမဆုံးသော iPhone ကို မိတ်ဆက်ခဲ့တာဖြစ်ပြီး အခုဆိုရင် လာမယ့် စက်တင်ဘာလ ၇ ရက်နေ့မှာ iPhone 14 Series တွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်တုန်းက Apple ရဲ့ ပထမဆုံးသော iPhone ကို ဒေါ်လာ ၃၅,၀၀၀ ကျော်ဖြင့် ဝယ်ယူမှုတစ်ခု US နိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ Apple First Gen iPhone ကို စျေးနှုန်းအတိအကျအနေနဲ့ ဒေါ်လာ ၃၅,၄၁၄ ဖြင့် ရောင်းချဲ့ရတာဖြစ်ပြီး ယခင်တုန်းကလည်း ပထမဆုံးသော First Gen iPod ကို ဒေါ်လာ ၂၅,၀၀၀ ဖြင့် ရောင်းချဖူးတယ်လို့ သိရပါတယ်။ အခု ပထမဆုံးသော iPhone ကို RR Auction ကနေ ရောင်းချပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အခုရောင်းချခဲ့တဲ့ iPhone ဟာ ဒီလိုမျိုး စျေးနှုန်းမြင့်မားစွာရရှိတာက လုံးဝအသုံးပြုရသေးခြင်းမရှိတဲ့ iPhone ဖြစ်နေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ လုံးဝကို Packing ဖောက်ထားခြင်းမရှိတာကြောင့် အခုစျေးရရှိခဲ့တာဖြစ်ပြီး အသုံးပြုပြီးသား iPhone တွေကတော့ အခုလိုမျိုး စျေးနှုန်းမြင့်မားစွာရရှိနိုင်မှာမဟုတ်ပါဘူး။
Apple ရဲ့ ပထမဆုံးသော iPhone ကို ဝယ်ယူသူကိုတော့ အတိအကျဖော်ပြခဲ့ခြင်းမရှိပေမယ့် အဆိုပါ First Gen iPhone ကို လက်ရှိအချိန်မှာ အသုံးပြုဖို့ကတော့ ခက်ခဲမှာဖြစ်ပါတယ်။
Ref – Gizmo China
The post ဒေါ်လာ ၃ သောင်းခွဲကျော်နဲ့ ရောင်းချခဲ့တဲ့ Apple ရဲ့ ပထမဆုံးသော iPhone appeared first on MyTech Myanmar.
Comments
Post a Comment