ဒစ်ဂျစ်တယ်ငွေကြေးကို စတင်စမ်းသပ်တော့မဲ့ ဆွီဒင်၊ နော်ဝေးနဲ့ အစ္စရေးဗဟိုဘဏ်များ

ကမ္ဘာပေါ်က နိုင်ငံအတော်များများဟာ ဒီဂျစ်တယ်ငွေကြေးကို ငွေပေးချေမှုအဖြစ် အသုံးချ၊မချ ဆိုတာနဲ့ပတ်သက်ပြီး အခြေအတင် ဆွေးနွေးနေကြပါတယ်။ ဒီဂျစ်တယ်ငွေကြေးနဲ့ သူ့ပတ်ဝန်းကျင်ဟာ အငြင်းပွားစရာမြောက်များစွာရှိနေသေးတာလည်း ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းက အစိုးရတွေဟာ ဒီဂျစ်တယ်ငွေကြေးကို ငွေးပေးချေမှုအတွက် ရွေးချယ်ခွင့်အဖြစ် ထည့်သွင်းစဉ်းစားနေဆဲ ဖြစ်ပါတယ်။ Reuters ရဲ့ အဆိုအရ ဗဟိုဘဏ် အနည်းဆုံး သုံးခုဟာ လက်ရှိမှာ ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးအသုံးပြုမှုကို စမ်းသပ်နေတယ်လို့ သိရပါတယ်။ ဆွီဒင်၊ နော်ဝေနဲ့ အစ္စရေးတို့ရဲ့ ဗဟိုဘဏ်တွေဟာ Bank for International Settlements project ကို စတင်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါနိုင်ငံသုံးနိုင်ငံရဲ့ ဗဟိုဘဏ်တွေဟာ နိုင်ငံတကာ လက်လီနဲ့ ငွေလွှဲငွေပေးချေမှုတွေအတွက် ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေးကို စမ်းသပ်နေပါတယ်။ ဆွစ်ဇာလန်နဲ့ ပြင်သစ်ဗဟိုဘဏ်တို့ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက ဥရောပရဲ့ ပထမဆုံး နယ်စပ်ဖြတ်ကျော် ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးပေးချေမှု ဝန်ဆောင်မှုကို စတင်စမ်းသပ်ခဲ့ပါတယ်။ “Synchronous settlement” ယန္တယားအဖြစ် CBDC ကို ယူရို၊ ဆွဇ်ဖရန့် တို့နဲ့ လက်ကားလဲလှယ်မှု ပြုလုပ်ကြပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ကုမ္ပဏီ/အုပ်စု ပေါင်း ၇၄ ခုရဲ့ လုပ်ငန်းစုတစ်ခုဟာ ဒစ်ဂျစ်တယ်ငွေကြေးကို လက်တွေ့အသုံးပြုနိုင်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါအဖွဲ့နဲ့ ကုမ္ပဏီတွေဟာ ဂျပန်ဘဏ်ကြီးတွေနဲ့ NTT Group တို့ ပါဝင်ပါတယ်။ ၂၀၂၂ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်အစောပိုင်းမှာ ဖြစ်ပေါ်မယ်လို့ မျှော်လင့်ထားကြပေမဲ့ အခုထိတော့ ဒစ်ဂျစ်တယ်ငွေကြေးကို တွင်တွင်ကျယ်ကျယ်အသုံးပြုတာမျိုး မတွေ့ရသေးပါဘူး။ အဓိကရည်ရွယ်ချက်က Blockchain နည်းပညာကိုအသုံးပြုဖို့နဲ့ ၂၄ နာရီကုန်သွယ်ခြင်းနဲ့ ချက်ချင်းဖြေရှင်းခြင်းကို အောင်မြင်ဖို့ ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။

ဥရောပဗဟိုဘဏ် ဘုတ်အဖွဲ့ဝင် Fabio Panetta ကတော့ မကြာခင်မှာ ဒစ်ဂျစ်တယ်ယူရိုငွေကြေးကို ဖော်ဆောင်နိုင်မယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ နောက်နှစ်ကုန်လောက်မှာ ဖြစ်နိုင်ပါတယ်။ အကယ်၍ အားလုံးအဆင်ပြေသွားခဲ့ရင် နောက်ထပ်သုံးနှစ်အတွင်း ငွေကြေးအင်္ဂရပ်အဖြစ် ပြည့်စုံသွားနိုင်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။ ဒါကြောင့် ဒစ်ဂျစ်တယ် ယူရိုငွေကို ၂၀၂၇ ခုနှစ်မှာ တရားဝင်စတင်မယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

Ref: Gizchina

The post ဒစ်ဂျစ်တယ်ငွေကြေးကို စတင်စမ်းသပ်တော့မဲ့ ဆွီဒင်၊ နော်ဝေးနဲ့ အစ္စရေးဗဟိုဘဏ်များ appeared first on MyTech Myanmar.

Comments