Dimensity 700 SoC ပါတဲ့ Redmi Note 11R ကို ကြေညာ

Redmi က တရုတ်မှာ Note 11R ကို ကြေညာလိုက်ပြီး Poco M4 5G ဒီဇိုင်းသုံးထားတဲ့ Redmi Note 11E လို့ ပြောနိုင်ပါတယ်။ Redmi Note 11R မှာ ၆.၅၈ လက်မ LCD 2408x1080p မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 240Hz Touch Sampling Rate , 1500:1 Contrast Ratio နဲ့ အရွယ်သေး Notch ပါလာပါတယ်။

Xiaomi Redmi Note 11R's launch date, design, and key specs officially revealed

MediaTek Dimensity 700 Chipset ကို LPDDR4x RAM , UFS 2.2 Storage နဲ့ တွဲဖက်ထားပြီး Android 12 အခြေပြု MIUI  13 မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main + 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

ဆက်သွယ်မှု အပိုင်းမှာ Dual SIM , 5G, Dual-band WiFi, Bluetooth 5.1 , GNSS , USB Type-C တွေ ပံ့ပိုးထားပါတယ်။ 3.5mm Headphone Jack , microSD Card Slot, IR Blaster , ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ IP52 စံနှုန်းတွေ ပါလာပါတယ်။

Redmi Note 11R မှာ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး 10W Standard Wired Charging ထောက်ပံ့ထားပါတယ်။

တရုတ်မှာ အောက်ပါ ဈေးနှုန်းတွေနဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ ရောင်းချမှာ ဖြစ်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ဒေါ်လာ ၁၈၀ ရှိပါတယ်။ Ice Crystal Galaxy, Mysterious Black Realm နဲ့ Polar Blue Ocean အရောင်တွေ ထုတ်လုပ်ထားပါတယ်။

  • 4GB + 128GB – ¥1,299 ($180)
  • 6GB + 128GB – ¥1,499 ($208)
  • 8GB + 128GB – ¥1,699 ($236)

Ref : gizmochina

The post Dimensity 700 SoC ပါတဲ့ Redmi Note 11R ကို ကြေညာ appeared first on MyTech Myanmar.

Comments