realme 10 ကို 5,000mAh, 33W fast charging ထောက်ပံ့ထားကြောင်း FCC ထုတ်ဖော်

realme 9 ကို ဒီနှစ်အစောပိုင်းမှာ မိတ်ဆက်ခဲ့ပြီးတဲ့နောက် ကုမ္ပဏီဟာ နောက်ထပ်မျိုးဆက်သစ်ဖြစ်တဲ့ realme 10 အတွက် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ realme 10 ဟာ အိန္ဒိယစံနှုန်းများဗျူရို (BIS), IECEE, Indonesia Telecom နဲ့ NBTC အပါအဝင် Certification အများအပြားရရှိပြီးဖြစ်တာကိုလည်း တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက releme 10 ကို MediaTek Helio G99, 8GB of RAM နဲ့အတူ Geekbench မှာ တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ အခုတော့ Device ကို FCC ရဲ့ ခွင့်ပြုချက်နဲ့အတူ ထပ်ပြီးတွေ့ရပြန်တာ ဖြစ်ပါတယ်။ FCC ထုတ်ဖော်ချက်အရ ဒီစမတ်ဖုန်းဟာ 33W အမြန်အားသွင်းစနစ်နဲ့အတူ 5,000mAh ဘက်ထရီ တပ်ဆင်ပေးထားကြောင်း အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။

မော်ဒယ်နံပါတ် RMX3630 ဟာ 2.4GHz နဲ့ 5GHz dual-band Wi-Fi ပံ့ပိုးမှုနဲ့အတူ 4G LTE ချိတ်ဆက်မှုကိုလည်း ပံ့ပိုးပေးမှာဖြစ်တယ်လို့ အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။ မော်ဒယ်နံပါတ် VCB3HDUH နဲ့ ဟန်းဆက်ရဲ့ အားသွင်း Adapter ကိုလည်း FCC မှာတွေ့မြင်ခဲ့ရပါသေးတယ်။ တစ်ဆက်တည်းမှာပဲ ဒီ Device ဟာ 33W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ထားတယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။

realme 10 ဟာ ကျောဘက်မှာ LED flash နဲ့အတူ Button ပုံစံ Dual camera setup ကို ပုံဖော်ထားတာလည်း တွေ့ရပါသေးတယ်။ လက်ရှိအချိန်မှာတော့ စမတ်ဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်အပြည့်အစုံကို မရရှိသေးဘဲ Mid range အမျိုးအစားအဖြစ် ဖြန့်ချိမယ်လို့ သိရပါတယ်။ ခန့်မှန်းဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ ဝန်းကျင်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

Ref: GIZMOCHINA

The post realme 10 ကို 5,000mAh, 33W fast charging ထောက်ပံ့ထားကြောင်း FCC ထုတ်ဖော် appeared first on MyTech Myanmar.

Comments