Samsung ဖုန်းအဟောင်း အလုံး ၁၀၀ ကျော်ကို စစ်ကြည့်ခဲ့ပေမဲ့ ဘက်ထရီဖောင်းပွတဲ့ ပြဿနာကို မတွေ့ရဘူးလို့ ပြန်ချေပလိုက်တဲ့ GalaxyClub

ပြီးခဲ့တဲ့ရက်တွေတုန်းက YouTubers နဲ့ Vlogger အချို့က Samsung ဖုန်းအဟောင်းတွေဟာ ဘက်ထရီဖောင်းပွလာတဲ့ ပြဿနာကို ကြုံတွေ့ခဲ့ရကြောင်း Content တွေတင်လာတာကြောင့် အတော်လေးကို ပွဲဖြစ်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ GalaxyClub က အဖွဲ့ဝင်တချို့ကတော့ မတူညီတဲ့ရလဒ်ကို တွေ့ခဲ့တယ်လို့ ပြန်လည်ချေပထားပါတယ်။

GalaxyClub အဖွဲ့ဟာ Samsung ဖုန်းအဟောင်း အလုံး ၁၀၀ ကျော်ကို စစ်ဆေးခဲ့ရာမှာ ဘက်ထရီဖောင်းပွတဲ့ပြဿနာကို ကြုံတွေ့ရခြင်းမရှိဘူးလို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။ GalaxyClub က စစ်ဆေးခဲ့တဲ့ Samsung ဖုန်းတွေဟာ Mid-range တွေပါဝင်သလို၊ Galaxy S4 မော်ဒယ်ဟောင်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ Collector တွေ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကို မရရှိခဲ့ဘူးလို့ ဆိုပါတယ်။

GalaxyClub က ဒီပြဿနာဟာ ဘာကြောင့်ဖြစ်ရလဲဆိုတဲ့အဖြေကို ရှာမတွေ့သေးပေမဲ့ ဖြစ်နိုင်ခြေရှိတဲ့အချက်တစ်ချို့ကိုတော့ မျှဝေပေးခဲ့ပါတယ်။ GalaxyClub က ပြောတာမှာ သူတို့ဟာ Device တွေကို အလယ်အလတ်အပူချိန် (၂၀ ဒီဂရီစင်တီဂရိတ်ဝန်းကျင်) နဲ့ လေဝင်လေထွက်ကောင်းတဲ့ ပတ်ဝန်းကျင်မှာ သိမ်းဆည်းထားတာဖြစ်တဲ့အတွက် ဒီလိုအပူချိန်နဲ့ပတ်ဝန်းကျင်ကွာခြားမှုက ဘက်ထရီဖောင်းပွမှုအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် GalaxyClub က စမ်းသပ်ခဲ့တဲ့ Device တချို့ဟာ တစ်နှစ်ကျော်ကြာ အားမသွင်းဘဲထားခဲ့တာတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ GalaxyClub က စမ်းသပ်ခဲ့တဲ့ Device ၁၀၀ ကျော်မှာ ဘက်ထရီဖောင်းပွတဲ့ ပြဿနာမရှိတာကြောင့် Samsung ဖုန်းအဟောင်းတွေမှာ ဘက်ထရီဖောင်းပွတဲ့ ပြဿနာမရှိဘူးလို့ ယတိပြတ်မပြောနိုင်ကြောင်း ရှင်းလင်းထားပါတယ်။

Ref: sammobile

The post Samsung ဖုန်းအဟောင်း အလုံး ၁၀၀ ကျော်ကို စစ်ကြည့်ခဲ့ပေမဲ့ ဘက်ထရီဖောင်းပွတဲ့ ပြဿနာကို မတွေ့ရဘူးလို့ ပြန်ချေပလိုက်တဲ့ GalaxyClub appeared first on MyTech Myanmar.

Comments