Windows 11 မှာ Android App တွေ အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက်ကို နိုင်ငံများစွာမှာ ရပြီ

Microsoft က Windows 11 မှာ Android App တွေ အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက်ကို နိုင်ငံ ၂၁ ခုမှာ တိုးချဲ့ ထည့်သွင်းပေးလိုက်တယ်လို့ အတည်ပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကစပြီး WSA (Windows Subsystem for Android) ကို Windows 11 User တွေက Download လုပ်နိုင်ပြီး Android App Support ကို Enable လုပ်နိုင်ပါပြီ။

Windows 11 release: Android apps won't be available today - CNET

အဲဒီ Update ကြောင့် User တွေဟာ Microsoft Store ကနေ Android App တွေကို Download လုပ်နိုင်ပြီ ဖြစ်ပါတယ်။ Microsoft က ကွန်ပြူတာမှာ အနည်းဆုံး 8GB RAM (16GB RAM ကို အကြံပေးထား)၊ SSD (Solid-state Drive) ၊ Intel Core i3 8th Gen နဲ့ အထက်၊ Virtual Machine Platform တွေ ပါရမယ်လို့ ပြောထားပါတယ်။

Windows 11 Android App Support Is Rolling Out To The US & 20 More Markets

သင့် Windows ကွန်ပြူတာမှာ Android App Support ကို Enable လုပ်ချင်ရင် Microsof Store ထဲသွားပြီး Amazon Appstore ကို Download လုပ်ပါ။ Windows Subsystem for Android ကို အင်စတောလုပ်ပြီး Amazon App Store ကို ဖွင့်ကာ Amazon အကောင့်နဲ့ Log In ဝင်ပါ။ ဒါဆိုရင် Android App တွေကို တွေ့ရမှာပါ။ Amazon App Store မှာ လက်ရှိ App များများစားစား မရှိသေးပေမယ့် သင်ကြိုက်တဲ့ App တွေကို Sideload လုပ်နိုင်ပါတယ်။

Windows 11 အတွက် WSA ကို Andorra, Austria, Belgium, France, Germany, Gibraltar, Guernsey, Ireland, Isle of Man, Italy, Japan, Jersey, Liechtenstein, Luxembourg, Monaco, San Marino, Spain, Switzerland, United Kingdom, United States, Vatican City/Holy See တို့အတွက် ဖြန့်ချိပေးလိုက်ပါပြီ။

Ref : gsmarena

The post Windows 11 မှာ Android App တွေ အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက်ကို နိုင်ငံများစွာမှာ ရပြီ appeared first on MyTech Myanmar.

Comments