Xiaomi 12T Series မှာ 200MP ကင်မရာ ပါမှာ သေချာသွားပြီ

Xiaomi  12T Series ကို အောက်တိုဘာလ ၄ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး အခုတော့ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင် CEO Lei Jun က တွစ်တာမှာ 12S Series ထက် အဆင့်မြင့်လာတဲ့ အဓိက Spec ၁ ခုအကြောင်းကို အတည်ပြုလိုက်ပါတယ်။ အဲဒါက 12T Series မှာ 200MP Main ကင်မရာ ဆန်ဆာပါလာမယ် ဆိုတာ ပါပဲ။ အရင်ကတော့ Xiaomi 12T Pro မှာပဲ အရွယ်ကြီး ဆန်ဆာ ပါလာမှာ ဖြစ်ပြီး Xiaomi 12T မှာ 108MP Main ကင်မရာ ထည့်သွင်းထားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။

Xiaomi 12T series teaser poster

Xiaomi 12T Pro မှာ Samsung HP1 ဆန်ဆာ- 1/1.22” Imager နဲ့ f/1.69 Aperture , Phase Detection Autofocus (PDAF) နဲ့ Optical Image Stabilization (OIS) ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ HP1 ဆန်ဆာမှာ 12.5MP ရုပ်သေဓါတ်ပုံ၊ 50MP ရုပ်သေဓါတ်ပုံ ၊ 200MP စတဲ့ အမျိုးမျိုးသော Resolution မှာ 16-1 Pixel Binning ကို ထောက်ပံ့ပါတယ်။

Xiaomi 12T 5G series launch date tipped, see leaked teaser poster

အဲဒီ တူညီတဲ့ 200MP ဆန်ဆာကို Motorola Edge 30 Ultra မှာ အသုံးပြုထားပြီး စမ်းသပ်ချက်အရ နေ့ဘက်နဲ့ ညဘက်တွေမှာ ရိုက်ကူးတဲ့အခါ အရောင်နဲ့ အရုပ်တွေက အရမ်းကို အသေးစိတ်ကျပါတယ်။

Xiaomi 12T Series ရဲ့ ပေါက်ကြားနေတဲ့ ကျန်တဲ့ Specs တွေက ၆.၆၇ လက်မ AMOLED 1220x2712p မျက်နှာပြင်၊ 5,000mAh ဘက်ထရီ၊ 120W Fast Charging ၊ Snapdragon 8+ Gen 1 Chipset (12T Pro) နဲ့ MediaTek Dimensity 8100 (12T) တို့ ဖြစ်ပါတယ်။

Ref : gsmarena

The post Xiaomi 12T Series မှာ 200MP ကင်မရာ ပါမှာ သေချာသွားပြီ appeared first on MyTech Myanmar.

Comments