SD 8 Gen 2 နဲ့ 100W Charging ပါလာနိုင်တဲ့ iQOO 11

iQOO 11 ရဲ့ Specs တွေ မကြာခဏ ပေါက်ကြားနေပြီး အခုလည်း နာမည်ကြီး Tipster Digital Chat Station က နောက်ထွက်မယ့် စွမ်းရည်မြင့် စမတ်ဖုန်းရဲ့ အဓိက သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။ Vivo iQOO 11 မှာ Samsung ရဲ့ AMOLED မျက်နှာပြင်ကို အသုံးပြုထားမှာ ဖြစ်ပြီး QHD Resolution ရှိနိုင်ပါတယ်။ 144Hz Refresh Rate နဲ့ 144Hz PWM Dimming ထောက်ပံ့ထားနိုင်ပါတယ်။

IQOO 11 Coming With Snapdragon 8 Gen 2- Gizchina.com

iQOO 11 မှာ အခုထက်ထိ မကြေညာရသေးတဲ့ Qualcomm Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 16GB RAM နဲ့ 512GB UFS 4.0 Storage အထိ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အနည်းဆုံး အနေနဲ့ အရွယ်အစားကြီးမားတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားနိုင်ပြီး 100W Fast Charging ပါလာနိုင်ပါတယ်။ Dual X-axis Linear Motors တွေ ထည့်သွင်းထားနိုင်ပြီး အနောက်ကင်မရာတွေ အနေနဲ့ 50MP Main , 13MP Ultrawide နဲ့ 13MP Telephoto Lens တွေ တပ်ဆင်ထားနိုင်ပါတယ်။

Upcoming iQOO 11 will have Snapdragon 8 Gen 2 chipset, new E6 AMOLED display - GSMArena.com news

Digital Chat Station က iQOO 11 Pro မှာ Qualcomm ရဲ့ SM8550 ပလက်ဖောင်းကို အသုံးပြုထားမယ်လို့ အရင်ကပြောခဲ့တဲ့အတွက် နောက်ထွက်မယ့် Snapdragon 8 Gen 2 ဖြစ်နိုင်ပါတယ်။

Samsung ရဲ့  E6 AMOLED အသစ်ကို အသုံးပြုထားမှာ ဖြစ်ပြီး Punch Hole ၁ ခုပဲ ပါလာမယ်လို့ ပြောပါတယ်။ E ဟာ Energy Efficiency ကို ရည်ညွှန်းပြီး စွမ်းအင်စားသုံးမှု သက်သာစေမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ဟာ Brightness Level ကို ချိန်ညှိပြီး စွမ်းအင် စားသုံးမှုကို သက်သာအောင် ပြုလုပ်တဲ့အတွက် ဘက်ထရီ သက်တမ်း ပိုကြာမြင့်စေပါတယ်။

iQOO 11 Pro မှာ 2K Resolution ပါလာမှာ ဖြစ်ပြီး 120Hz Refresh Rate နဲ့ 1440Hz PWM Dimming တွေ ထောက်ပံ့ထားမယ်လို့ သတင်းထွက်နေပါတယ်။

ref : gsmarena

The post SD 8 Gen 2 နဲ့ 100W Charging ပါလာနိုင်တဲ့ iQOO 11 appeared first on MyTech Myanmar.

Comments