Google Pixel 7a ရဲ့ Render Design တွေ ပေါက်ကြားလာပြီ

Google ဟာ Pixel 7 Series ကို မိတ်ဆက်ထားပြီးဖြစ်ပြီး မကြာခင်မှာ Mid Range စျေးကွက်အတွက် Pixel 7a ဖုန်းကိုပါ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုလည်း Google Pixel 7a ဖုန်းရဲ့ Render Design ဓါတ်ပုံတွေ အကုန်လုံးထွက်ရှိလာပါပြီ။

Google Pixel 7a ဖုန်းဟာ Design ပိုင်းမှာ Pixel 7 နဲ့ တော်တော်များများဆင်တူနေတာကို တွေ့ရပါတယ်။ Punch-hole Design ပြုလုပ်ထားတဲ့ Selfie Camera ပါဝင်တဲ့ ​Flat Display ၊​ Dual Camera Setup တွေအကုန်လုံးတူညီမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘေးဘောင်တွေက အနည်းငယ်ပိုထူမှာဖြစ်ပြီး နောက်ကျောဘက်ကိုလည်း Glass အစား Polycarbonate ကို အသုံးပြုသွားဖွယ်ရှိနေပါတယ်။

Pixel 7a ဖုန်းဟာ Processor ပိုင်းမှာ Pixel 7 Series ဖုန်းတွေလိုမျိုးပဲ Google ရဲ့ ကိုယ်ပိုင် Tensor G2 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ တခြားသော Mid Range ဖုန်းတွေထက် ပိုသာမှာဖြစ်ပါတယ်။

Display ပိုင်းအနေနဲ့ကတော့ Samsung ကနေ ထုတ်လုပ်ပေးထားတဲ့ 90Hz FHD+ Display ကို အသုံးပြုထားမှာဖြစ်ပါတယ်။ နောက်ဖက် Camera Setup အနေနဲ့လည်း Sony IMX787 နဲ့ IMX712 Sensor တွေကို အသုံးပြုထားမှာဖြစ်ပြီး Wireless Charging ၊ In-Display Fingerprint Sensor စတဲ့ Feature တွေကိုလည်း ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။

Pixel 7a ဖုန်းကို အရောင်အနေနဲ့ အဖြူရောင် နဲ့ ခဲရောင် ဆိုပြီး ၂ မျိုးပဲ​ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ ပိုမိုစုံလင်တဲ့အရောင်တွေကို လိုချင်ရင်တော့ Pixel 7 နဲ့ Pixel 7 Pro ဖုန်းတွေကို ရွေးချယ်ဖို့လိုအပ်မှာဖြစ်ပါတယ်။

Ref – GSM Arena

The post Google Pixel 7a ရဲ့ Render Design တွေ ပေါက်ကြားလာပြီ appeared first on MyTech Myanmar.

Comments