နိုင်ငံတချို့မှာ ရောင်းမယ့် realme 10 Pro+ မှာ Dimensity 920 ပါမည်

realme က တရုတ်မှာ မကြာခင်က realme 10 Pro Series ကို ကြေညာခဲ့ပြီး realme 10 Pro နဲ့ realme 10 Pro+ တို့ ပါပါတယ်။ အဲဒီ ဖုန်းတွေကို နိုင်ငံတကာမှာ ဒီဇင်ဘာလ ၈ ရက်နေ့ ကြေညာမှာပါ။ အခုတော့ နိုင်ငံတချို့မှာ ရောင်းမယ့် realme 10 Pro+ မှာ ကုန်ကျစားရိတ်ကို လျှော့ချထားမယ်လို့ သတင်းထွက်လာပါတယ်။

Youtuber Lim Reviews က မလေးရှားမှာ ရောင်းချမယ့် realme 10 Pro+ မော်ဒယ်ကို Unboxing လုပ်ပြခဲ့ပြီး Dimensity 920 Chipset ပါလာပါတယ်။ Dimensity 920 ကို realme 9 Pro+ မှာ ထည့်ပေးခဲ့တာ ဖြစ်ပြီး တရုတ်မှာ ကြေညာခဲ့တဲ့ realme 10 Pro+ မှာ Dimensity 1080 SoC ပါလာပါတယ်။

စွမ်းဆောင်ရည် အပိုင်းမှာ အဲဒီ Chipset ၂ ခုဟာ သိပ်မကွာခြားပါဘူး။ ဒါပေမယ့် Dimensity 1080 မှာ HyperEngine 3.0 Gaming ပါလာပါတယ်။ realme 10 Pro+ Dimensity 920 Version ကို အရှေ့တောင်အာရှ နိုင်ငံတချို့မှာ ရောင်းချမှာ ဖြစ်ပြီး အိန္ဒိယမှာတော့ Dimensity 1080 Chipset ပါမယ်လို့ အတည်ပြုထားပါတယ်။

realme 10 Pro+ မှာ AMOLED FHD+ မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ 12GB LPDDR4x RAM နဲ့ 256GB UFS 2.2 Storage အထိ ထည့်သွင်းထားပြီး Android 13 အခြေပြု realme UI 4.0 မောင်းနှင်ထားပါတယ်။ 67W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

Ref : gizmochina

The post နိုင်ငံတချို့မှာ ရောင်းမယ့် realme 10 Pro+ မှာ Dimensity 920 ပါမည် appeared first on MyTech Myanmar.

Comments