Redmi K60 Series မှာ Redmi K60 , K60 Pro နဲ့ K60E ပါမည်

စွမ်းရည်မြင့် Redmi K60 Series ကို ဒီဇင်ဘာလမှာ ကြေညာမှာ ဖြစ်ပြီး ကုမ္ပဏီက ကြေညာမယ့် နေ့အတိအကျကို မပြောသေးပါဘူး။ အခုတော့ Redmi K60 Series မှာ Redmi K60 , K60 Pro နဲ့ K60E တို့ ပါလာမယ်လို့ သတင်းထွက်လာပါတယ်။

Redmi K60 ဖုန်းရဲ့ Specification တွေထွက်ပေါ်လာပြီ – MyTech Myanmar

Kacper Skrzypek က Redmi K60 Series ရဲ့ စိတ်ဝင်စားစရာ သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။ သူက Redmi K60 Series မှာ Redmi K60 , K60 Pro နဲ့ K60E ပါလာမှာ ဖြစ်ပြီး Redmi K60 ရဲ့ Codename က “Socrates” လို့ ပြောပါတယ်။ အဲဒီ ဖုန်းမှာ Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမယ်လို့ သိရပါတယ်။

Xiaomi Redmi K60 series to launch with a 2K display option, a 50 MP camera and a dual SoC strategy - NotebookCheck.net News

Skrzypek က Pro မော်ဒယ်ရဲ့ Codename က “Mondraing” ဖြစ်ပြီး Snapdragon 8+ Gen 1 SoC မောင်းနှင်ထားမယ်လို့ ပြောပါတယ်။ Pro မော်ဒယ်မှာ စွမ်းရည်ပိုမြင့်တဲ့ Chipset ထည့်သွင်းထားသင့်တဲ့အတွက် အခု သတင်းက ထူးဆန်းပါတယ်။

Redmi K60E ကို Redmi K60 Extreme အမည်နဲ့ ကြေညာနိုင်ပြီး MediaTek Dimensity 8200 or Dimensity 9200 Chipset ထည့်သွင်းထားနိုင်ပါတယ်။ အဲဒီ ဖုန်းရဲ့ Codename က “Rembrandt” ဖြစ်ပါတယ်။

မကြာခင်က 3C က သတင်းအချက်အလက်တွေအရ Pro မော်ဒယ်မှာ 120W Fast Charging ပါလာနိုင်ပါတယ်။ ကျန်တဲ့ ဖုန်း ၂ လုံးမှာ 67W Fast Charging ထည့်သွင်းထားနိုင်ပါတယ်။

Redmi K60 Series ကို ဒီဇင်ဘာလ တရုတ်မှာ ကြေညာနိုင်ပြီး အဲဒီဖုန်းတွေကို နိုင်ငံတကာမှာလည်း ရောင်းချနိုင်ပါတယ်။

Ref : gizmochina

The post Redmi K60 Series မှာ Redmi K60 , K60 Pro နဲ့ K60E ပါမည် appeared first on MyTech Myanmar.

Comments