240W Fast Charging ပါဝင်တဲ့ realme GT Neo5 ကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ တရားဝင်မိတ်ဆက်မယ်

realme ဟာ 240W Fast Charging နည်းပညာကို မိတ်ဆက်ခဲ့တာအချိန်လပိုင်းခန့်ရှိနေပြီဖြစ်ပြီး realme GT Neo5 ဖုန်းမှာ အစောဆုံးအသုံးပြုလာမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာ realme GT Neo5 ဖုန်းကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို ကြေညာလိုက်ပါပြီ။

အဆိုပါသတင်းအရ realme GT Neo5 ဖုန်းဟာ တရုတ်နိုင်ငံတွင်းမှာ လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ဒေသစံတော်ချိန် ၂ နာရီမှာ မိတ်ဆက်ဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ realme ကနေ တရားဝင်ထုတ်ပြန်ခဲ့တဲ့ Teaser ဓါတ်ပုံအရ 240W Fast Charging ကိုပဲ အဓိကဖော်ပြထားပြီး ကျန်တဲ့ Specs တွေနဲ့ Design ပိုင်းကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

အစောပိုင်းထွက်ပေါ်ထားတဲ့သတင်းတွေအရ realme GT Neo5 ဖုန်းဟာ Qualcomm Snapdragon 8+ Gen 1 ကို အသုံးပြုထားမှာဖြစ်ပြီး 240W Fast Charging ပါဝင်တဲ့ Version မှာ 4600mAh Battery ပါဝင်မှာဖြစ်ပါတယ်။ realme ကနေ 5000mAh Battery ပါဝင်ပြီး 150W Fast Charging ကိုပဲ ထောက်ပံ့ပေးနိုင်တဲ့ Version ကိုလည်း မိတ်ဆက်သွားဖို့ရှိနေပြီး အဆိုပါ Version မှာ Snapdragon 8+ Gen 1 Chipset အစား MediaTek Dimensity 8200 Chipset ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။

ကျန်တဲ့ Feature တွေအနေနဲ့ 50MP Sony IMX890 Sensor ကိုအသုံးပြုထားတဲ့ Main Camera ပါဝင်မှာဖြစ်ပြီး OIS ကိုလည်း ထောက်ပံ့ထားမှာဖြစ်ပါတယ်။ Display ပိုင်းမှာ 144Hz Refresh Rate 6.7″ AMOLED Display ကို အသုံးပြုထားပြီး Resolution အနေနဲ့ 2772×1240 Pixels ရှိမယ်လို့ သိရပါတယ်။

Ref – GSM Arena

The post 240W Fast Charging ပါဝင်တဲ့ realme GT Neo5 ကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ တရားဝင်မိတ်ဆက်မယ် appeared first on MyTech Myanmar.

Comments