OnePlus က OnePlus 11R ရဲ့ တရားဝင် Teaser ကို မျှဝေလိုက်ပြီး ဖုန်းရဲ့ သတင်းအချက်အလက် တချို့ကို သိလာရပါပြီ။ ကျန်တဲ့ သတင်းအချက်အလက်တွေကို ဒီလ ၇ ရက်နေ့ မိတ်ဆက်ပွဲကျမှ သိရမှာဖြစ်ပြီး အဲဒီပွဲမှာ OnePlus 11 ကိုပါ ကြေညာမှာပါ။
OnePlus 11R မှာ Snapdragon 8+ Gen 1 မောင်းနှင်ထားမှာ ဖြစ်ပြီး OnePlus 10T မှာ သုံးထားတာနဲ့ တူညီပါတယ်။ OnePlus 11 ရဲ့ Snapdragon 8 Gen 2 ထက်တော့ စွမ်းရည်နိမ့်မှာပါ။ OnePlus 11R မှာ OnePlus 10T နဲ့ တူညီတဲ့ Vapor Chamber Cooling System ကို အသုံးပြုထားမှာ ဖြစ်ပြီး OnePlus 10 Pro ထက် ၆၄ ရာခိုင်နှုန်း ပိုမိုကြီးမားပါတယ်။
16GB RAM အထိ ထည့်သွင်းထားမှာ ဖြစ်ပြီး ဖုန်း အသုံးပြုနေချိန်အတွင်း Memory နေရာချမှုကိုပိုမိုမြန်ဆန်စေဖို့ Machine Learning နဲ့ AI ကို အသုံးပြုတဲ့ RAM-Vita လုပ်ဆောင်ချက် အသစ်ပါလာမှာပါ။
OnePlus 11R မှာ 120Hz LTPS LCD မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး 40Hz, 45Hz, 60Hz , 90Hz နဲ့ 120Hz တို့ကို ပြောင်းလဲနိုင်ပါတယ်။ 100W SuperVOOC Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာမှာဖြစ်ပြီး ၂၅ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။
တခြား သတင်းအချက်အလက်တွေ၊ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို ဒီလ ၇ ရက်နေ့ကျမှ သိရမှာ ဖြစ်ပြီး အဲဒီပွဲမှာ OnePlus 11R နဲ့အတူ OnePlus 11 , OnePlus Pad, OnePlus Buds Pro 2 နဲ့ OnePlus TV 65 Q2 Pro တို့ကိုပါ ကြေညာမှာပါ။
Ref : gsmarena
The post OnePlus 11R မှာ Snapdragon 8+ Gen 1 နဲ့ 100W Charging ပါမှာ သေချာပြီ appeared first on MyTech Myanmar.
Comments
Post a Comment