Xiaomi MS11 လျှပ်စစ်ကားရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

စမတ်ဖုန်း ကုမ္ပဏီတွေဟာ လျှပ်စစ်ကား နယ်ပယ်ထဲ ဝင်ရောက်လာကြပြီး အဲဒီအထဲမှာ Xiaomi လည်း ပါဝင်ပါတယ်။ အခုတော့ ၂၀၂၄ ခုနှစ် ပထမ ၃ လအတွင်း တရုတ်မှာ ရောင်းချမယ့် Xiaomi MS11 လျှပ်စစ်ကားရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

Xiaomi MS11

အဲဒီဓါတ်ပုံတွေကို စမတ်ဖုန်းနဲ့ ရိုက်ကူးထားတာလို့ ထင်ရပြီး ကား လေကာမှန်ရဲ့ အထက်မှာ Lidar တပ်ဆင်ထားတာကို မြင်ရပါတယ်။ ကားခေါင်မိုးကို ဖန်နဲ့ ဖုံးအုပ်ထားပြီး အနောက်ဘက် မှန်ရဲ့ အထက်မှာ ကင်မရာ ၁ လုံး ပါပါတယ်။ ကားမှန်အားလုံးဟာ အနက်ရောင် ဖြစ်ပြီး ကား အရွယ်အစားဟာ ကျစ်လစ်သေးငယ်ကာ Sports ဆန်ပါတယ်။

MS11/Modena မှာ CATL နဲ့ BYD က ထုတ်လုပ်တဲ့ ဘက်ထရီတွေကို အသုံးပြုထားမှာ ဖြစ်ပြီး လျှပ်စစ် မော်တာကို Xiaomi က ထုတ်လုပ်ထားတာပါ။ MS11 ဟာ ကုဒ်အမည် ဖြစ်ပြီး ကားရဲ့ တကယ့် အမည်က Modena ဖြစ်နိုင်ပါတယ်။

Xiaomi Automobile ကို ၂၀၂၁ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး Beijing Economic and Technological Development Zone (BETDA) မှာ အခြေစိုက်ပါတယ်။ ၂၀၂၂ ခုနှစ် နှစ်လယ်မှာ ကားစက်ရုံကို စတင် တည်ဆောက်ခဲ့ပါတယ်။ အစောပိုင်းမှာ ၁ နှစ်ကို ကားအစီးရေ ၁၅၀,၀၀၀ ထုတ်လုပ်ဖို့ ရည်မှန်းထားပြီး နောက်ပိုင်းမှာ ၁ နှစ်ကို ကားအစီးရေ ၃၀၀,၀၀၀ အထိ တိုးချဲ့ထုတ်လုပ်မှာပါ။ Xiaomi ဟာ မောင်းသူမဲ့ ကားနည်းပညာကို အဓိက ဖန်တီးတဲ့ Xiaomi Automobile Technology ကုမ္ပဏီကိုလည်း တည်ထောင်ထားပါတယ်။

Ref : carnewschina

The post Xiaomi MS11 လျှပ်စစ်ကားရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ appeared first on MyTech Myanmar.

Comments