Tecno က Foldable ဖုန်း ဈေးကွက်ထဲကို Phantom V Fold နဲ့ စတင် ဝင်ရောက်လာပါတယ်။ အရွယ်အစား ကြီးမားပြီး အလေးချိန်က ၂၉၉ ဂရမ် ရှိပါတယ်။ ဖုန်းကို ခေါက်ချိုးထားရင် Cover မျက်နှာပြင်ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး ၆.၄၂ လက်မ LTPO AMOLED 1080x2550p 120Hz မျက်နှာပြင် ဖြစ်ပါတယ်။
ဖုန်းကို ဖြန့်ထားတဲ့အခါ ၇.၈၅ လက်မ 2000x2296p Folding မျက်နှာပြင်ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး 120Hz LTPO အမျိုးအစား ဖြစ်ပါတယ်။ Samsung Galaxy Z Fold4 ရဲ့ မျက်နှာပြင်ထက် ပိုမိုကြီးမားပေမယ့် Xiaomi Mix Fold 2 , Honor Magic Vs နဲ့ vivo X Fold+ တို့လောက် မကြီးပါဘူး။
Tecno Phantom V Fold ရဲ့ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 50MP Main , 50MP 2x Zoom နဲ့ 13MP Ultrawide တို့ ဖြစ်ပါတယ်။ Cover မျက်နှာပြင်မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အတွင်းဘက်မှာ 16MP ကင်မရာ ပါပါတယ်။
MediaTek Dimensity 9000+ 4nm Chipset မောင်းနှင်ထားပြီး Galaxy Z Fold4 ရဲ့ Snapdragon 8+ Gen 1 နဲ့ ယှဉ်နိုင်ပါတယ်။ 45W Wired Charging ပါတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး ကုမ္ပဏီက ၁၅ မိနစ်အတွင်း ၄၀ ရာခိုင်နှုန်းနဲ့ ၅၅ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။
Tecno Phantom V Fold ကို ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း ရောင်းချမှာ ဖြစ်ပြီး 12/256GB ကို ၁,၀၉၉ ဒေါ်လာ၊ 12/512GB ကို ၁,၂၂၂၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။
Ref : gsmarena
The post Tecno က ကုမ္ပဏီရဲ့ ပထမဆုံး Foldable ဖုန်းဖြစ်တဲ့ Phantom V Fold ကို ကြေညာ appeared first on MyTech Myanmar.
Comments
Post a Comment