Dimensity 6020 နဲ့ 50MP Main ကင်မရာတွေ ပါတဲ့ Honor Play 7T နဲ့ 7T Pro ကို ကြေညာ

Honor က တရုတ်မှာ စွမ်းရည်သင့် ဖုန်း အသစ်တွေကို ကြေညာလိုက်ပါတယ်။ Honor Play 7T နဲ့ Play 7T Pro မှာ MediaTek Dimensity 6020 Chipset မောင်းနှင်ထားပြီး 90Hz LCD, 50MP Main ကင်မရာနဲ့ Android 12 အခြေပြု Magic UI 6.1 ပါလာပါတယ်။

Hononr Play 7T and 7T ProHononr Play 7T and 7T Pro

Honor Play 7T မှာ 6.74” IPS LCD HD+ မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch မှာ 5MP ကင်မရာ ပါလာပါတယ်။ Pro Version မှာ 6.7” LTPS LCD FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး Punch Hole မှာ 8MP ဆဲလ်ဖီး ကင်မရာ ထည့်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးရဲ့ အနောက်ဘက်မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။

Honor Play 7T color options (left) and Play 7T colors (right)Honor Play 7T color options (left) and Play 7T colors (right)

Honor Play 7T မှာ 22.5W Fast Charging ထောက်ပံ့တဲ့ 6,000mAh Battery နဲ့ 7T Pro မှာ 40W Charging ထောက်ပံ့တဲ့ 4,000mAh Battery ပါလာပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ နားကြပ်ပေါက်တွေ တပ်ဆင်ထားပါတယ်။

Honor Play 7T အတွက် Titanium Silver, Blue နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပြီး 8/128GB ကို ၁၆၀ ဒေါ်လာနဲ့ 8/256GB ကို ၁၈၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Honor Play 7T Pro အတွက် Silver, Green နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပြီး 8/128GB ကို ၂၁၈ ဒေါ်လာ၊ 8/256GB ကို ၂၄၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။

ဖုန်း ၂ လုံးစလုံးကို တရုတ်က Honor Online Store မှာ စာရင်းတင်ထားပြီး ဧပြီလ ၆ ရက်နေ့ စတင် ရောင်းချမယ်လို့ ထင်ပါတယ်။

Ref : gsmarena

The post Dimensity 6020 နဲ့ 50MP Main ကင်မရာတွေ ပါတဲ့ Honor Play 7T နဲ့ 7T Pro ကို ကြေညာ appeared first on MyTech Myanmar.

Comments