Dynamic Island နဲ့ ပတ်သက်ပြီး ထုတ်လုပ်မှုပိုင်း ပြဿနာတက်နေတဲ့ iPhone 15

Apple ဟာ ယခုနှစ်ကုန်ပိုင်းမှာ iPhone 15 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ iPhone 15 Sereis ဖုန်းတွေဟာ ဒီဇိုင်းပိုင်းပြောင်းလဲမှုတွေအဓိကပြုလုပ်ထားမှာဖြစ်ပြီး အထူးသဖြင့် iPhone 15 ဖုန်းတိုင်းမှာ Dynamic Island ပါဝင်မယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Apple ကနေ iPhone 14 Pro နဲ့ iPhone 14 Pro Max ဖုန်းတွေမှာပဲ Dynamic Island Feature ကို ထည့်သွင်းပေးထားပြီး သာမန် iPhone 14 နဲ့ iPhone 14 Plus ဖုန်းတွေမှာတော့ သာမန် Notch Design ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ ဒါကြောင့် iPhone 15 Series ဖုန်းတွေဟာ ပိုပြီး တူညီတဲ့ အရှေ့ဘက် Display Design ဖြစ်လာမှာပါ။

ဒါပေမယ့် လက်ရှိထွက်ပေါ်လာတဲ့သတင်းတစ်ခုအရ Apple ရဲ့ အဆိုပါ iPhone 15 နဲ့ iPhone 15 Plus ဖုန်းတွေဟာ ထုတ်လုပ်မှုပိုင်းမှာ ပြဿနာတက်နေတယ်လို့ သိရပါတယ်။ ဒါကလည်း အခုလိုမျိုး Dynamic Island အတွက် Cutout Design ပြုလုပ်ရတာကြောင့် ဖြစ်တယ်လို့ ယူဆရပါတယ်။

ဘာကြောင့်လဲဆိုရင် iPhone 15 Pro ဖုန်းတွေဟာ ပိုကောင်းမွန်တဲ့ LTPO OLED Display ကို အသုံးပြုထားပေမယ့် iPhone 15 နဲ့ iPhone 15 Plus ဖုန်းတွေမှာတော့ စျေးပိုသက်သာတဲ့ LTPS Panel ကိုပဲ အသုံးပြုထားတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် BOE Display ဟာ အဆိုပါ LTPS Panel တွေအပေါ်မှာ Dynamic Island Cutout ဖြတ်တောက်ဖို့အတွက် အခက်အခဲတွေကြုံတွေ့နေရတာဖြစ်ပါတယ်။


Apple အနေနဲ့ အခုလိုမျိုး ထုတ်လုပ်မှုပိုင်းမှာ ဘယ်လိုမျိုး ဖြေရှင်းမလဲဆိုတာကို အသေးစိတ်မသိရသေးပေမယ့် လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ iPhone 15 နဲ့ iPhone 15 Plus ရဲ့ Display Panel တွေကို BOE အစား Samsung ကို ပြောင်းလဲထုတ်လုပ်ခိုင်းဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ iPhone 15 Series ကို မိတ်ဆက်ဖို့က အချိန်အများအပြားလိုသေးတာကြောင့် ရောင်းချမှုပိုင်းမှာ နှောင့်နှေးမှာမဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်။

Ref – Gizmo China

The post Dynamic Island နဲ့ ပတ်သက်ပြီး ထုတ်လုပ်မှုပိုင်း ပြဿနာတက်နေတဲ့ iPhone 15 appeared first on MyTech Myanmar.

Comments