SD 7+ Gen 2 , 16GB RAM နဲ့ 1TB Storage ပါတဲ့ Redmi Note 12 Turbo ကို ကြေညာ

Xiaomi က တရုတ်မှာ Redmi Note 12 Turbo ကို ကြေညာလိုက်ပြီး မကြာခင်က အသစ်စက်စက် မိတ်ဆက်ထားတဲ့ Snapdragon 7+ Gen 2 Chipset မောင်းနှင်ထားပါတယ်။ 16GB LPDDR5 RAM နဲ့ 1TB UFS 3.1 Storage အထိ ရွေးချယ်နိုင်ပါတယ်။

Redmi Note 12 Turbo in its three official colors

Redmi Note 12 Turbo မှာ 6.67 Inch OLED FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပြီး 16MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး ပါလာပါတယ်။

Redmi Note 12 Turbo announced with Snapdragon 7+ Gen 2, up to 16GB RAM and 1TB storage

67W Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပါတယ်။ Bluetooth 5.3 နဲ့ WiFi 6 အသုံးပြုနိုင်မှာ ဖြစ်ပြီး နားကြပ်ပေါက်နဲ့ IR Blaster ပါလာပါတယ်။

Redmi Note 12 Turbo announced with Snapdragon 7+ Gen 2, up to 16GB RAM and 1TB storage

Redmi Note 12 Turbo အတွက် Black, Blue နဲ့ Silver အရောင်တွေ ထုတ်လုပ်ထားပြီး 8/256GB ကို ၂၉၀ ဒေါ်လာ၊ 12/256GB ကို ၃၀၅ ဒေါ်လာ ၊ 12/512GB ကို ၃၃၅ ဒေါ်လာနဲ့ စွမ်းရည်အမြင့်ဆုံး 16GB/1TB ကို ၃၇၈ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Xiaomi က Warner Brothers နဲ့ ပူးပေါင်းကာ အထူးထုတ် Harry Potter Edition ကို ထုတ်လုပ်ထားပြီး အနောက်ဘက် ဒီဇိုင်းက ဆန်းသစ်ကာ Limited Edition Accessories တွေ ပါလာပါတယ်။ Redmi Note 12 Turbo Harry Potter Edition မှာ 12GB RAM နဲ့ 256GB Storage ထည့်ထားပြီး ၃၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

တရုတ်မှာ မတ်လ ၃၁ ရက်နေ့ ရောင်းချမှာ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena

The post SD 7+ Gen 2 , 16GB RAM နဲ့ 1TB Storage ပါတဲ့ Redmi Note 12 Turbo ကို ကြေညာ appeared first on MyTech Myanmar.

Comments