Snapdragon 8 Gen 2 Chipset ပါလာမယ့် OPPO Find N3

OPPO Find N2 ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကြေညာခဲ့ပြီး အခုတော့ မျိုးဆက်သစ် ဖြစ်တဲ့ Find N3 ရဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ OPPO Find N3 ဟာ Horizontal Foldable စမတ်ဖုန်း ဖြစ်ပြီး ၈ လက်မ ပင်မ 2268x2440p မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ နှိုင်းယှဉ်ရရင် Find N နဲ့ Find N2 မှာ ၇.၁ လက်မ 1792x1920p မျက်နှာပြင် ပါလာပါတယ်။

Oppo Find N3 leaked specs suggest larger display and Snapdragon 8 Gen 2 chipset - GSMArena.com news

Find N3 မှာ ဆဲလ်ဖီး ကင်မရာ ၂ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး ၁ လုံးက ကာဗာ မျက်နှာပြင်နဲ့ နောက် ၁ လုံးက ပင်မ မျက်နှာပြင်မှာ ဖြစ်ပါတယ်။ Resolution က 20MP နဲ့ 32MP အသီးသီး ရှိကြမှာပါ။ ဖုန်း အနောက်ဘက်မှာ 50MP Sony IMX890 ပင်မ Lens (OIS) , 48MP IMX581 Ultrawide , 32MP Telephoto Lens တွေ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Oppo Find N3: Leaked Details Point to Bigger Display and High-end Processor - Gizbot News

OPPO Find N3 မှာ Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 4,805mAh Battery ပါလာမှာ ဖြစ်ပါတယ်။ ဖုန်း ဒီဇိုင်းက အလွန် ပါးလွှာမှာ ဖြစ်ပါတယ်။

Ref : gsmarena

The post Snapdragon 8 Gen 2 Chipset ပါလာမယ့် OPPO Find N3 appeared first on MyTech Myanmar.

Comments