vivo X Fold2 ရဲ့ Unboxing ကနေ ဒီဇိုင်းကို သိလာရပြီ

vivo X Fold2 ရဲ့ Teaser တွေဟာ တရုတ်က Hainan Island မှာ ကျင်းပနေတဲ့ 2023 Boao Forum for Asia ကနေ ထွက်ပေါ်လာပါတယ်။ ဒေသခံ Blogger ၁ ယောက်က အဲဒီဖုန်းကို Unboxing လုပ်ခွင့်ရခဲ့ပြီး နောက်ပိုင်းမှာ vivo က သူ့ရဲ့ Unboxing ပို့စ်ကို ဝီဘိုမှာ ပြန်တင်ခဲ့ပါတယ်။

ဖုန်းရဲ့ အနောက်ဘက် ၄ ပုံပုံ ၃ ပုံဟာ အနီရောင် သားရေ ဖြစ်ပြီး ကျန်တဲ့ ၄ ပုံပုံ ၁ ပုံဟာ တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ App တွေကို ကိုင်တွယ်ရာမှာ ပိုကောင်းတဲ့ Taskbar ၊ Multi-window Modes နဲ့ လွယ်ကူတဲ့ Gesture တွေ အပါအဝင် OriginOS Ocean ရဲ့ UI လုပ်ဆောင်ချက်အသစ်တွေကို တွေ့ရပြီး အဲဒီလုပ်ဆောင်ချက် အားလုံးဟာ အရင်မျိုးဆက် X Fold ဖုန်းတွေမှာ မပါလာခဲ့ပါဘူး။

vivo X Fold2 unboxing confirms design, improved UI

ဖုန်းမှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ၂ ခု တပ်ဆင်ထားပြီး ၁ ခုက ကာဗာ မျက်နှာပြင်နဲ့ နောက် ၁ ခုက Foldable မျက်နှာပြင်မှာ ဖြစ်ပါတယ်။ Foldable စမတ်ဖုန်းတွေမှာ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ၂ ခုပါလာတာ ဒါပထမဆုံးပါ။

vivo X Fold2 unboxing confirms design, improved UI

vivo X Fold2 ရဲ့ Hinge ဟာ ပိုမို တိုးတက်လာတယ်လို့ Blogger က ပြောပါတယ်။ Position အားလုံးကို ခေါက်ချိုးထားနိုင်တဲ့အတွက် ဗီဒီယို ကြည့်တဲ့အခါ၊ ဓါတ်ပုံနဲ့ ဗီဒီယို ရိုက်တဲ့အခါ အဆင်ပြေလာပါတယ်။ အလေးချိန်က ၁၀ ရာခိုင်နှုန်း ပိုမို ပေါ့ပါးလာပြီး ၃၁၀ ဂရမ်ကျော်တဲ့ အရင်မျိုးဆက်တွေထက် ပိုကောင်းလာပါတယ်။

vivo X Fold2 ကို ဧပြီလထဲမှာ တရားဝင် ကြေညာမှာ ဖြစ်ပြီး လာမယ့် ရက်ပိုင်းအတွင်း ကြေညာမယ့်နေ့ကို ကုမ္ပဏီက အတည်ပြုလာနိုင်ပါတယ်။ အဲဒီ မိတ်ဆက်ပွဲမှာ vivo Pad 2 တက်ဘလက်ကိုပါ မြင်ရနိုင်ပါတယ်။

Ref : gsmarena

The post vivo X Fold2 ရဲ့ Unboxing ကနေ ဒီဇိုင်းကို သိလာရပြီ appeared first on MyTech Myanmar.

Comments