Xiaomi 14 Pro+ ရဲ့ အဓိက Specs တွေ ပေါက်ကြားလာ

Xiaomi က စွမ်းရည်မြင့် 14 Series ကို ဖန်တီးနေပြီး Xiaomi 14, Xiaomi 14 Pro , Xiaomi 14 Pro+ နဲ့ Xiaomi 14 Ultra တို့ ပါဝင်ပါတယ်။ အခုတော့ Digital Chat Station က Xiaomi 14 Pro+ ရဲ့ လျှို့ဝှက်အမည်ဟာ Aurora လို့ သတင်းပေးလာပါတယ်။

Xiaomi 14 Pro Plus codename

အဲဒီဖုန်းမှာ စွမ်းရည်မြင့် Snapdragon 8 Gen 3 Chipset ထည့်သွင်းထားမှာဖြစ်ပြီး Leica ရဲ့ ကင်မရာ ၄ လုံးပါလာမှာပါ။ အမြင့်ဆုံး Zoom Range က 120x ဖြစ်ပြီး 50MP Main နဲ့ 50MP Periscope Telephoto ကင်မရာတွေ ပါလာမှာပါ။

Xiaomi 13 Pro နဲ့ ဆင်တူတဲ့ Camera Setup ပါဝင်မယ့် Xiaomi 14 Pro – MyTech Myanmar

Xiaomi က MIUI 15 ကို မိတ်ဆက်ဖို့ ပြင်ဆင်နေပြီး ဒီနှစ် ဒုတိယနှစ်ဝက်မှာ ဖြန့်ချိပေးမှာပါ။ ရမယ့် ဖုန်းတွေထဲမှာ Redmi Note 13 Series, Xiaomi 14, Xiaomi 14 Pro နဲ့ Xiaomi 14 Pro+ တို့ ပါဝင်ပါတယ်။ MIUI 15 ရဲ့ အဓိက လုပ်ဆောင်ချက်တစ်ခုက System စွမ်းရည်ကို တိုးတက်စေပြီး စွမ်းအင် စားသုံးမှု နည်းပါးစေတဲ့ Photon Engine ဖြစ်ပါတယ်။ Third-party Apps တွေကို ၈၈ ရာခိုင်နှုန်း ပိုမို ချောမွတ်စေမှာပါ။

Xiaomi 14, 14 Pro နဲ့ 14 Pro+ ကို နိုဝင်ဘာလမှာ ကြေညာနိုင်ပြီး Xiaomi 14 Ultra ကို ၂၀၂၄ ခုနှစ် အစောပိုင်းမှာ ချပြနိုင်ပါတယ်။ Xiaomi က Mix Fold 3 Foldable ဖုန်းကို ဩဂုတ်လမှာ ကြေညာဖို့ ပြင်ဆင်နေပါတယ်။

Ref : gizmochina

The post Xiaomi 14 Pro+ ရဲ့ အဓိက Specs တွေ ပေါက်ကြားလာ appeared first on MyTech Myanmar.

Comments