iPhone 15 Series ကို စက်တင်ဘာလ ၁၂ ရက်နေ့ ကြေညာမယ်လို့ သတင်းထွက်နေပြီး အခုတော့ အဲဒီနေ့ကို Apple က အတည်ပြုလိုက်ပါပြီ။
iPhone 15 , iPhone 15 Plus, iPhone 15 Pro နဲ့ iPhone 15 Pro Max တို့ကို ကြေညာမှာ ဖြစ်ပြီး Apple.com နဲ့ Apple TV App တို့ကနေ တိုက်ရိုက်ပြသမှာပါ။
Apple က Tagline မှာ “Wonderlust” လို့ ရေးသားထားပြီး “ ခရီးသွားဖို့ စိတ်အားထက်သန်တယ်” လို့ အဓိပ္ပါယ်ရပါတယ်။ Apple က “Wow ဖြစ်စေမယ့် စိတ်အားထက်သန်မှု” လို့ ညွှန်းဆိုချင်ပုံရပါတယ်။
မကြာခင်က ဥရောပသမဂ္ဂရဲ့ ဥပဒေအရ iPhone အသစ် အားလုံးမှာ USB-C Port တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ iPhone 15 Pro Max/ Ultra ဟာ Periscope Zoom ကင်မရာ ပါတဲ့ Apple ရဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ Pro မော်ဒယ်တွေမှာ Stainless Steel အစား တိုက်တေနီယမ် ဖရိမ် တပ်ဆင်ထားနိုင်ပါတယ်။ iPhone 15 Series အားလုံးမှာ Program ရေးဆွဲနိုင်တဲ့ Action Button နဲ့ Dynamic Island ထည့်သွင်းထားနိုင်ပါတယ်။
Apple ဟာ AirPods Series တွေမှာလည်း USB-C Port တပ်ဆင်ထားနိုင်ပါတယ်။ Apple Watch Series 9 နဲ့ Apple Watch Ultra 2 ကိုလည်း အဲဒီပွဲမှာ ကြေညာနိုင်ပါတယ်။
Ref : gsmarena
The post Apple က စက်တင်ဘာလ ၁၂ ရက်နေ့မှာ iPhone 15 Series ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပြီ appeared first on MyTech Myanmar.
Comments
Post a Comment