Apple က မနေ့ကပဲ iPhone 15 Series ကို စက်တင်ဘာလ ၁၂ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။
Pixel event invites also just went out. We are descending into the most fun time of the year pic.twitter.com/RZfpm4u6OZ
— Marques Brownlee (@MKBHD) August 30, 2023
အခုတော့ Google က ဟာ့ဒ်ဝဲ မိတ်ဆက်မယ့် ပွဲ နေ့ရက်ကို အတည်ပြုလိုက်ပါတယ်။ Google ရဲ့ပွဲဟာ Apple ရဲ့ ပွဲထက် နောက်ကျမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Google က Apple ရဲ့ ကြေညာချက်ကို တုန့်ပြန်တဲ့ သဘောလို့ ယူဆရပါတယ်။ ဘာပဲ ဖြစ်ဖြစ် Pixel 8 နဲ့ Pixel 8 Pro ကို အောက်တိုဘာလ ၄ ရက်နေ့မှာ တရားဝင် ကြေညာတော့မှာပါ။
Google က အဲဒီနေ့မှာ Pixel Device တွေကို ကြေညာမယ်လို့ ပြောတဲ့အတွက် Pixel Watch 2 ကိုပါ မိတ်ဆက်နိုင်ပါတယ်။
Pixel 8 Pro ရဲ့ ပေါက်ကြားသတင်းတွေအရ အနောက်ဘက်မှာ အပူချိန်တိုင်း ဆန်ဆာ ပါလာနိုင်ပြီး 6.7” 120Hz QHD+ LTPO OLED မျက်နှာပြင်၊ Tensor G3 Chipset ၊ 12GB RAM ၊ 128/256GB Storage ၊ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ၊ အနောက်ကင်မရာ ၃ လုံး (50MP Main , 64MP Ultrawide , 48MP Telephoto) ၊ 11MP အရှေ့ ကင်မရာနဲ့ 27W Charging ထောက်ပံ့တဲ့ 4,950mAh Battery တွေ ထည့်ထားနိုင်ပါတယ်။ Android 14 ပါလာမှာက အံ့အားသင့်စရာ မကောင်းပါဘူး။
Pixel 8 မှာ တူညီတဲ့ Chipset နဲ့ Android Version ပါလာနိုင်ပြီး ဆဲလ်ဖီး ကင်မရာ၊ Storage Option နဲ့ လက်ဗွေရာ ကိရိယာတွေလည်း တူညီနိုင်ပါတယ်။ 6.17” 1080×2400 120Hz မျက်နှာပြင်၊ အနောက်ကင်မရာ ၂ လုံး (50MP Main, 12MP Ultrawide ) ၊ 24W Charging ထောက်ပံ့တဲ့ 4,485mAh Battery တွေ တပ်ဆင်ထားနိုင်ပါတယ်။
Ref : gsmarena
The post Google က အောက်တိုဘာလ ၄ ရက်နေ့မှာ Pixel 8 နဲ့ Pixel 8 Pro ကို ကြေညာမယ်လို့ အတည်ပြု appeared first on MyTech Myanmar.
Comments
Post a Comment