Coca-Cola က AI နဲ့ ဖန်တီးထားတဲ့ ဖျော်ရည် အသစ်ကို ရောင်းချ

Artificial Intelligence (AI) ဟာ အနာဂတ်မှာ လူသားတွေအတွက် အများကြီး အသုံးဝင်လာမှာပါ။ အခုတော့ Coca-Cola က AI နည်းပညာနဲ့ ဖန်တီးထားတဲ့ Limited Edition ဖျော်ရည်ကို ရောင်းချပေးလိုက်ပါတယ်။ ကိုကာကိုလာ အရသာ အသစ်ပေါ့ဗျာ။

We Tried Coca-Cola Y3000—Here's Our Honest Review

Coca-Cola Y3000 လို့ အမည်ပေးထားပြီး ၃၀၀၀ ခုနှစ်မှာ လူတွေ နှစ်သက်ကြမယ့် အရသာလို့ ညွှန်းဆိုချင်ပုံရပါတယ်။ အဲဒီ ဖျော်ရည်ကို လူသားတွေနဲ့ AI တို့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။

Coca Cola Cola, Futuristic Flavored, Y3000 10 Ea | Mini Sodas | VG's Grocery

Y3000 ကို ဖန်တီးတဲ့ အဆင့် ၂ ဆင့် ရှိပါတယ်။ ပထမ အဆင့်က Coca-Cola မှ သုတေသန ပညာရှင်တွေက လူသားတွေ အနာဂတ်မှာ နှစ်သက်မယ့် အရသာနဲ့ Trends တွေကို လေ့လာပြုစုကြပါတယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့် ရှိသူ ၁ ယောက်က CNBC ကို ပြောပါတယ်။

အဲဒီ သတင်းအချက်အလက်တွေကို Coca-Cola ရဲ့ AI က ရယူကာ ဖျော်ရည် အရသာ အသစ်ကို ဖန်တီးပေးတာ ဖြစ်ပါတယ်။ ကုမ္ပဏီက အဲဒီ ဖျော်ရည် အရသာက ဘာနဲ့ တူသလဲ ဆိုတာနဲ့ ပါဝင်ပစ္စည်းတွေက ဘာတွေလဲ ဆိုတာကို မပြောပါဘူး။ Y3000 အတွက် ရိုးရိုးနဲ့ Zero Sugar Version တွေ ထုတ်လုပ်ထားပါတယ်။

Y3000 ရဲ့ ဘူး ဒီဇိုင်းကိုလည်း AI က ဖန်တီးထားတာ ဖြစ်ပြီး ခေတ်ရှေ့ပြေး ဒီဇိုင်း ဖြစ်ပါတယ်။ Logo မှာ Pixel တွေ ထည့်သွင်းထားပြီး ခရမ်း၊ ပန်းရောင်နဲ့ အပြာရောင် ပူစီပေါင်းလေးတွေ ပါပါတယ်။

Ref : cnbc

The post Coca-Cola က AI နဲ့ ဖန်တီးထားတဲ့ ဖျော်ရည် အသစ်ကို ရောင်းချ appeared first on MyTech Myanmar.

Comments