Samsung က မလေးရှားမှာ Galaxy A05 နဲ့ Galaxy A05s စမတ်ဖုန်း အသစ်တွေကို ကြေညာလိုက်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 6.7” LCD မျက်နှာပြင် တပ်ဆင်ထားပြီး A05 မှာ HD+ Resolution နဲ့ A05s မှာ FHD+ Resolution ပါလာပါတယ်။ A05s မှာ 13MP အရှေ့ ကင်မရာနဲ့ A05 မှာ 8MP အရှေ့ ကင်မရာ တပ်ဆင်ထားပါတယ်။
အဓိကကွဲပြားချက်က Chipset ဖြစ်ပြီး A05s မှာ Snapdragon 680 နဲ့ A05 မှာ MediaTek Helio G85 မောင်းနှင်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 6GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။
ဖုန်ုး ၂ လုံးစလုံးမှာ 50MP Main , 2MP Depth အနောက်ကင်မရာတွေ တပ်ဆင်ထားပြီး A05s မှာ 2MP Macro ကင်မရာ အပိုပါလာပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 5,000mAh Battery တပ်ဆင်ထားပြီး 25W Charging ပါပါတယ်။ Android 13 အခြေပြု OneUI Core မောင်းနှင်ထားပါတယ်။
Samsung Galaxy A05 အတွက် Black, Light Green နဲ့ Silver နဲ့ A05s အတွက် Violet အရောင် အပို ထုတ်လုပ်ထားပါတယ်။ Samsung က ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။ လာမယ့် ရက်တွေအတွင်း အဲဒီ သတင်းအချက်အလက်တွေကို သိလာရနိုင်ပါတယ်။
Ref : gsmarena
The post Samsung Galaxy A05 နဲ့ A05s ကို ကြေညာ appeared first on MyTech Myanmar.
Comments
Post a Comment