50MP ကင်မရာပါတဲ့ တန်ဖိုးနည်း Samsung Galaxy A05 ကို ကြေညာ

Samsung က တန်ဖိုးနည်း Galaxy A05 ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ 6.7” HD+ မျက်နှာပြင် တပ်ဆင်ထားပြီး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ အနောက်ဘက်မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး ပါလာပါတယ်။

Samsung Galaxy A05 မှာ Octa-core MediaTek Helio G85 Chipset မောင်းနှင်ထားပြီး 4GB/6GB LPDDR4x RAM နဲ့ 64GB/128GB eMMC 5.1 Storage ထည့်သွင်းထားပါတယ်။ 1TB microSD Card စိုက်နိုင်ပါတယ်။ Android 13 အခြေပြု OneUI Core မောင်းနှင်ထားပြီး Samsung က Security Update ၄ နှစ်နဲ့ OS Upgrade ၂ ခု ပေးမယ်လို့ အတည်ပြုထားပါတယ်။

5,000mAh Battery ထည့်သွင်းထားပြီး 25W Fast Charging ထောက်ပံ့ထားပါတယ်။ ဘူးထဲမှာ Charger မထည့်သွင်းထားပါဘူး။ လုံခြုံရေးအတွက် ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ပေးထားပြီး Dual SIM စမတ်ဖုန်း ဖြစ်ပါတယ်။ နားကြပ်ပေါက် တပ်ဆင်ထားပါတယ်။

Samsung Galaxy A05 အတွက် Light Green , Silver နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပြီး 4GB+64GB Version ကို ၉,၉၉၉ ရူပီး (၁၂၀ ဒေါ်လာ) နဲ့ 6GB+128GB Version ကို ၁၂,၄၉၉ ရူပီး သတ်မှတ်ထားပါတယ်။

Ref : fonearena

The post 50MP ကင်မရာပါတဲ့ တန်ဖိုးနည်း Samsung Galaxy A05 ကို ကြေညာ appeared first on MyTech Myanmar.

Comments