Flagship ဆန်ဆန်အတွေ့အကြုံမျိုးအတွက် 67W Flagship Charge၊ 108MP Flagship ကင်မရာ၊ G99 Chipset တွေနဲ့ realme 11 ကို တရားဝင်မိတ်ဆက်

realme 11 အတွက် 8+8 RAM/ 256GB ROM version တစ်မျိုးတည်းကို ဒီဇင်ဘာလဆန်းမှစတင်ကာ တစ်နိုင်ငံလုံးတွင်ရောင်းချပေးသွားမှာဖြစ်ပြီး စျေးနှုန်းက ၈၉၉,၉၀၀ ကျပ်ကျသင့်မှာဖြစ်ပါတယ်။ Glory Gold နဲ့ Glory Black ၂ရောင်ကို ရွေးချယ်နိုင်မှာဖြစ်ပြီး စတင်ရောင်းချတဲ့အချိန်မှာ First Sale လက်ဆောင်အဖြစ် 10,000 mAh Power Bank ကို ရရှိနိုင်မှာဖြစ်ပါတယ်။

သင်ဟာ မိုဘိုင်းဂိမ်းကစားတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး ပိုကောင်းတဲ့ Display၊ Flagship လိုမျိုး စွမ်းဆောင်ရည်၊ ပိုကြီးတဲ့ ဘက်ထရီနဲ့ ပိုမြန်တဲ့အားသွင်းစနစ်မျိုးပါတဲ့ ထုတ်ကုန်ကောင်းတစ်ခုကို လိုချင်နေတဲ့သူတစ်ယောက်လား၊ ဒါမှမဟုတ် သင်ဟာ ဓာတ်ပုံရိုက်ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး ပရိုဆန်တဲ့ကင်မရာမျိုးနဲ့ နေ့ညအချိန်မရွေးရိုက်နိုင်တဲ့ထုတ်ကုန်မျိုးလိုအပ်နေသူတစ်ယောက်လား၊ ဒါမှမဟုတ် သင်ဟာ ခပ်မိုက်မိုက်ဒီဇိုင်း၊ အရောင်ဆန်းဆန်းလေးတွေကို ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်နေဦးမယ်ဆိုရင်တောင် တစ်မူထူးခြားတဲ့အဆင့်တစ်ခုနဲ့ Flagship specs တွေပါဝင်နေတဲ့ realme 11 ဟာ သင့်ရဲ့လိုအပ်ချက်တွေအတွက် မှားယွင်းတဲ့ရွေးချယ်မှုတစ်ခု ဖြစ်စေမှာမဟုတ်ပါဘူး။

တိုးတက်မှုအမြန်ဆုံး စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ realme အနေနဲ့ စဥ်ဆက်မပြတ်တောင်းဆိုမှုတွေ မြင့်မားနေတဲ့မိုဘိုင်းလောကကို အမြဲတမ်းနားလည်အောင်ကြိုးစားကာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လူငယ်သုံးစွဲသူတွေလိုချင်နေကြတဲ့၊ တောင်းဆိုနေကြတဲ့ ထုတ်ကုန်မျိုးတွေမှာ နောက်ဆုံးပေါ်နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုတွေဖြည့်စွက်ကာ ဖြည့်ဆည်းပေးနေတာပဲဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ realme အနေနဲ့ လူငယ်သုံးစွဲသူတွေရဲ့ လက်တွေ့ဘဝသုံးစွဲမှုအပြုအမူတွေကို လေ့လာစောင့်ကြည့်ကာ လက်တွေ့ဆန်တဲ့ဖုန်းအသုံးပြုမှုနဲ့ပတ်သက်ပြီး ဘဝရဲ့စစ်မှန်တဲ့တန်ဖိုးတွေကို ခံစားသိရှိနားလည်စေရန်အတွက်ပါ ကြိုးစားလုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။

အဓိကဝယ်ယူမှုပုံစံအချက်အလက်တွေထဲက တစ်စိတ်တစ်ပိုင်းအဖြစ် လူငယ်သုံးစွဲသူအများစုဟာ သူတို့တတ်နိုင်တဲ့ ဘက်ဂျက်အတွင်းကနေ ဖုန်းဝယ်ယူတဲ့အခါမျိုးမှာ ကင်မရာပိုင်း၊ အားအမြန်သွင်းနည်းပညာပိုင်း၊ Display ပိုင်း၊ ပိုမိုကြီးမားကောင်းမွန်တဲ့ RAM/ROM တွေကို အလေးအနက်ထားစဥ်းစားကြတာတွေ့ရပါတယ်။

အရင်မိတ်ဆက်ထားခဲ့တဲ့ နောင်တော် realme 11 Pro series တွေရဲ့ spec ပိုင်းကို အနည်းငယ်လျှော့ချကာ စျေးနှုန်းသက်သာစွာ ထုတ်လုပ်ပေးထားတဲ့ realme 11 မှာ အထက်မှာပြောပြခဲ့တဲ့ အဓိကဝယ်ယူမှုပုံစံအချက်အလက်တွေနဲ့ပတ်သက်ပြီး အားသာချက်တွေအများကြီးရှိနေတာဖြစ်ပါတယ်။

Super AMOLED FullHD+ ရုပ်ထွက်အရည်အသွေးနဲ့အတူ 90Hz Refrest Rate တို့၊ ပိုမိုအားသွင်းမြန်ဆန်တဲ့ 67W Flagship Charge တို့၊ 108MP Flagship ကင်မရာတို့အပြင် ထိပ်တန်းအဆင့်စွမ်းဆောင်ရည်မျိုးပေးစွမ်းနိုင်တဲ့ G99 chipset တို့ကို အသုံးပြုပေးထားတာဖြစ်လို့ အလားတူထုတ်ကုန်တွေထဲမှာ အားသာချက်တွေအများကြီးရရှိစေမှာဖြစ်ပါတယ်။

ထိုက်သင့်တဲ့စျေးတန်းနဲ့ထွက်လာတာဆိုတော့ realme 11 ဟာ မြန်မာပြည်မိုဘိုင်းစျေးကွက်က သုံးစွဲသူတွေအတွက် flagship အတွေ့အကြုံလိုမျိုး အဆင့်တစ်ခုကို ပေးစွမ်းစေနိုင်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။

Media release: realme

The post Flagship ဆန်ဆန်အတွေ့အကြုံမျိုးအတွက် 67W Flagship Charge၊ 108MP Flagship ကင်မရာ၊ G99 Chipset တွေနဲ့ realme 11 ကို တရားဝင်မိတ်ဆက် appeared first on MyTech Myanmar.

Comments