Samsung Galaxy S24 Ultra ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာ

Samsung Galaxy S24 Series ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်နေပြီး Samsung ရဲ့ နောက်မျိုးဆက် စွမ်းရည်မြင့် စမတ်ဖုန်းတွေကို တရားဝင် မြင်ရဖို့ ရက်သတ္တပတ် အနည်းငယ်ပဲ လိုပါတော့တယ်။

အခုတော့ အွန်လိုင်းမှာ Samsung Galaxy S24 Ultra ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာပြီး ငွေရောင် မော်ဒယ်ကို မြင်ရပါတယ်။ Samsung Galaxy S24 Ultra ရဲ့ ဒီဇိုင်းဟာ လက်ရှိထွက်ထားတဲ့ Galaxy S23 Ultra နဲ့ တော်တော် တူညီပေမယ့် မျက်နှာပြင်နဲ့ အနောက်ဘက်ဟာ ပြားချပ်ပါတယ်။

Samsung Galaxy S24 Ultra ရဲ့ ကင်မရာ ဒီဇိုင်းဟာ အရင်မျိုးဆက်နဲ့ တူညီပြီး ကင်မရာ ၄ လုံးကို သီးခြား သတ္တုကွင်းထဲမှာ ထည့်သွင်းထားပါတယ်။ Galaxy S23 Series တွေရဲ့ Armor Aluminum Casing အစား သတင်းထွက်နေတဲ့ တိုက်တေနီယမ် ဖရိမ် တပ်ဆင်ထားတာကို မြင်ရပါတယ်။

Samsung ဟာ နောက်နှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ Galaxy S24 Series ကို  အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားရှိ ဆန်ဂျို့စ်မှာ အထူး ပွဲအခမ်းအနား တစ်ခုနဲ့ ကြေညာမယ်လို့ ထင်ပါတယ်။ မိတ်ဆက်ပွဲပြီးနောက်မှာ ချက်ချင်းပဲ အဲဒီ စမတ်ဖုန်းတွေကို ကြိုတင်မှာယူခွင့်ပြုနိုင်ပြီး တစ်ပတ်အကြာမှာ စမတ်ဖုန်းတွေကို စတင် ပို့ဆောင်နိုင်ပါတယ်။

Ref : gsmarena

The post Samsung Galaxy S24 Ultra ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာ appeared first on MyTech Myanmar.

Comments