နောက်မျိုးဆက် Optical Disc ဟာ 200,000GB ကို သိမ်းဆည်းနိုင်

မကြာခင်မှာ Optical Disc ၁ ချပ်ထဲနဲ့ 200,000GB သို့မဟုတ် 4K ရုပ်ရှင် ၁၄,၀၀၀ ကျော်ကို သိမ်းဆည်းနိုင်တော့မှာ ဖြစ်ပါတယ်။

Blu-ray Laser

ရှန်ဟိုင်း သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက “3D Nanoscale Optical Disc” အသစ်ကို တီထွင်လိုက်ပြီး အရွယ်အစားနဲ့ ပုံသဏ္ဍာန်က DVD ၊ Blu-ray Disc နဲ့ တူညီပါတယ်။ အဲဒီ Optical Disc အသစ်ဟာ အံ့အားသင့်စရာကောင်းလောက်အောင် 16 Petabits Data ကို သိမ်းဆည်းနိုင်ပါတယ်။ ဒါဟာ 200,000GB နဲ့ ညီမျှပြီး ရုပ်ရှင် တစ်ကားဟာ အရွယ်အစား 14GB ရှိတယ်ဆိုရင် 142852 နာရီကြာ 4K ရုပ်ရှင်တွေကို သိမ်းဆည်းနိုင်ပါတယ်။

Researchers have developed a Very Big Disc™ that can store up to 200 terabytes of data and may represent a return to optical media for long term storage | PC Gamer

သိပ္ပံပညာရှင် အဖွဲ့ရဲ့ ရှာဖွေတွေ့ရှိမှုကို Journal Nature မှာ ဖော်ပြထားပါတယ်။

Disc အသစ်ရဲ့ ဒေတာအများကြီး သိမ်းထားနိုင်တဲ့ လျှို့ဝှက်ချက်က 3D Storage System ဖြစ်ပါတယ်။ အလွှာ ၁ ခုပေါ်မှာ ဒေတာတွေကို ရေးတဲ့ အစား အလွှာ ၁၀၀ ကို အသုံးပြုထားပါတယ်။ ဒေတာတွေရဲ့ နေရာယူတဲ့ အရွယ်အစားဟာလည်း သမားရိုးကျ Blu-ray နဲ့ DVD တွေထက် အများကြီးသေးငယ်ပါတယ်။

တီထွင်သူတွေက Blank Disc အသစ် ၁ ချပ်ကို ၆ မိနစ်အတွင်း သမားရိုးကျ DVD ထုတ်လုပ်တဲ့ နည်းလမ်းနဲ့ ထုတ်လုပ်နိုင်တယ်လို့ ပြောပါတယ်။ ဒါဟာ တော်တော် ကောင်းတဲ့ အချက် ဖြစ်ပါတယ်။

Ref : digitaltrends

The post နောက်မျိုးဆက် Optical Disc ဟာ 200,000GB ကို သိမ်းဆည်းနိုင် appeared first on MyTech Myanmar.

Comments