Canalys ရဲ့ စစ်တမ်းအရ အရှေ့တောင်အာရှရဲ့ စမတ်ဖုန်း ရောင်းအားဟာ ကွာတား ၁ မှာ အရင်နှစ်ကထက် ၁၂ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ၂၀၂၃ ခုနှစ်မှာ စမတ်ဖုန်း ရောင်းအားကျဆင်းပြီးနောက် ပထမဆုံး ပြန်လည် တိုးတက်လာတာပါ။ ကွာတား ၁ မှာ စမတ်ဖုန်း ရောင်းအားဟာ ၂၃.၅ သန်းရှိပေမယ့် ၂၀၂၃ ခုနှစ် မတိုင်ခင်ကထက် နည်းပါသေးတယ်။
ကွာတား ၁ မှာ ရောင်းအားကောင်းတာဟာ အင်ဒိုနီးရှားနဲ့ မလေးရှားတို့လို နိုင်ငံတချို့မှ Ramdan ကြောင့် ဖြစ်ပြီး Transsion လို တခြား ကုမ္ပဏီတွေဟာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားမှာ ဒေါ်လာ ၁၀၀ အောက် ဖုန်းတွေ ရောင်းချပေးလို့ဖြစ်ပါတယ်။
Samsung ကတော့ ဈေးကွက်ဝေစု ၁၉ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး အရင်နှစ်ကထက် ၂၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ Samsung ဟာ စွမ်းရည်သင့်နဲ့ စွမ်းရည်မြင့် ဖုန်းတွေကို အဓိက အာရုံစိုက်လာပါတယ်။
Infinix , Tecno နဲ့ iTel တို့ကို ပိုင်တဲ့ Transsion ဟာ ဈေးကွက်ဝေစု ၁၈ ရာခိုင်နှုန်းနဲ့ နံပါတ် ၂ နေရာကို ရထားပြီး အရင်နှစ်ကထက် ရောင်းအား ၁၉၇ ရာခိုင်နှုန်းတောင် တိုးတက်လာပါတယ်။ ကုမ္ပဏီဟာ OPPO နဲ့ Xiaomi တို့ကိုတောင် ကျော်တက်ထားပါတယ်။ Xiaomi ဟာ ကွာတား ၁ မှာ ရောင်းအား ၅၂ ရာခိုင်နှုန်း တိုးတက်လာပြီး OPPO ကတော့ ၁၂ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။
Ref : gsmarena
The post အရှေ့တောင်အာရှရဲ့ စမတ်ဖုန်း ရောင်းအားဟာ ကွာတား ၁ မှာ ၁၂ ရာခိုင်နှုန်း တိုးတက်လာ appeared first on MyTech Myanmar.
Comments
Post a Comment