တရုတ်က ရေရှည်တည်တန့်တဲ့စွမ်းအင်ကို အသုံးပြုဖို့ ရည်မှန်းထားပြီး ကမ္ဘာ့ အကြီးဆုံး လျှပ်စစ် ကုန်တင် သင်္ဘော ၂ စီး တည်ဆောက်မှာ ဖြစ်ပါတယ်။ အဲဒီ သင်္ဘောတွေဟာ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု လုံးဝ မရှိဘဲ လျှပ်စစ်စွမ်းအင်ကိုပဲ အသုံးပြုမှာ ဖြစ်ပါတယ်။ အဲဒီ သင်္ဘောတွေဟာ တရုတ်ရဲ့ သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေဖို့ ရည်မှန်းချက်ကိုလည်း အကောင်အထည်ဖော်ပေးမှာ ဖြစ်ပါတယ်။
အဲဒီ သင်္ဘောတွေကို Shanghai Merchant Ship Design and Research Institute (SDARI) က ဒီဇိုင်း ထုတ်ပေးမှာ ဖြစ်ပြီး Jiangxi Jiangxin Shipbuilding Corporation က တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။
အဲဒီ သင်္ဘောတွေရဲ့ အရှည်ဟာ ၁၂၇.၈ မီတာ ရှိပြီး အကျယ်က ၂၁.၆ မီတာ ရှိပါတယ်။ ပင်လယ်ကူးဖို့ တည်ဆောက်ထားမှာ ဖြစ်ပြီး Zhejiang ပြည်နယ်မှ Ningbo နဲ့ Jiaxing Zhapu ဆိပ်ကမ်း ၂ ခုကို သွားလာဖို့ ရည်မှန်းထားပါတယ်။
အဲဒီ သင်္ဘောတွေဟာ ကုန်ပစ္စည်း ၉,၀၀၀ တန်ကို သယ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ 19,000 kilowatt-hour ဝန်းကျင် ရှိတဲ့ Battery တွေ တပ်ဆင်ထားမှာပါ။ ပတ်ဝန်းကျင်မှ အရာတွေကို အချိန်ပြည့် စောင့်ကြည့်နိုင်ခြင်း၊ လမ်းကြောင်း စီစဉ်ခြင်း၊ မောင်းသူမဲ့ စနစ်နဲ့ အတားအဆီးတွေကို ရှောင်သွားနိုင်ခြင်း စတဲ့ ဉာဏ်ရည်မြင့် စနစ်တွေ ပါလာမှာပါ။
Ref : nation Thailand
The post တရုတ်က ကမ္ဘာ့ အကြီးဆုံး လျှပ်စစ် ကုန်တင် သင်္ဘော တည်ဆောက်မည် appeared first on MyTech Myanmar.
Comments
Post a Comment