ကာတာ လေကြောင်းလိုင်းက လေယာဉ်ပေါ်နဲ့ လေဆိပ်တွေမှာ ခရီးသည်တွေကို ကူညီပေးဖို့အတွက် Virtual လေယာဉ်မယ်ကို ဖန်တီးလိုက်ပါတယ်။ Sama 2.0 လို့ အမည်ပေးထားပြီး ဖုန်းကနေ သိလိုတာမေးလိုက်တာနဲ့ Sama က Screen ကနေ ဖြေပေးမှာပါ။
ကာတာ လေကြောင်းလိုင်းက Sama ကို ကုမ္ပဏီရဲ့ Qverse Metaverse နဲ့ Qatar App ကနေလည်း အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။ Sama ဟာ ကမ္ဘာ့ ပထမဆုံး AI လေယာဉ်မယ် ဖြစ်ပါတယ်။
Sama ဟာ အာရေဗစ်လို Sky လို့ အဓိပ္ပါယ် ရပြီး ခရီးသည်တွေရဲ့ အပြုအမူကို လေ့လာကာ အကောင်းဆုံး အကူအညီပေးနိုင်ပါတယ်။ ခရီးသည်တွေဟာ ကာတာ လေကြောင်းလိုင်းရဲ့ Qverse ကနေ Sama ကို ဆင့်ခေါ်နိုင်ပါတယ်။ Sama က လေဆိပ်တွေရဲ့ 3D မြေပုံကို ပြသကာ လမ်းညွှန်နိုင်ပြီး ခရီးစဉ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားပေးနိုင်ပါတယ်။
Sama ဟာ လက်ရှိမှာ အင်္ဂလိပ် စကားပဲ ပြောနိုင်ပြီး ဒီနှစ်နှောင်းပိုင်းမှာ အာရေဗစ် အပါအဝင် တခြား ဘာသာစကားတွေကိုပါ ပြောနိုင်အောင် စီစဉ်ထားပါတယ်။
AI ကို နယ်ပယ်ပေါင်းစုံမှာ အသုံးပြုလာကြပြီး အခုတော့ ကာတာ လေကြောင်းလိုင်း ကမ္ဘာ့ ပထမဆုံး AI လေယာဉ်မယ်ကို ဖန်တီးလိုက်တာ ဖြစ်ပါတယ်။
Ref : nypost
The post ကာတာ လေကြောင်းလိုင်းက ကမ္ဘာ့ ပထမဆုံး AI လေယာဉ်မယ်ကို ဖန်တီး appeared first on MyTech Myanmar.
Comments
Post a Comment