SpaceX က ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှုကို နိုင်ငံ ၇၅ ခု၊ သင်္ဘော၊ လေယာဉ်တွေမှာ ပြုလုပ်ပေးထားပြီးပြီ ဖြစ်ပြီး အခုတော့ ကျောပိုးအိတ်ထည့်သွားနိုင်တဲ့ Starlink Mini ကို ရောင်းချပေးလိုက်ပါတယ်။
Starlink Mini ဟာ လက်ပ်တော့ ၁ လုံး အရွယ်အစားလောက်ပဲ ရှိပြီး စက်ထဲမှာ WiFi Router ထည့်သွင်းထားပါတယ်။ တခြား Starlink Terminal တွေထက် စွမ်းအင် စားသုံးမှု နည်းပါးပေမယ့် အမြန်နှုန်းက 100Mbps ကျော် ရပါတယ်။
I just set it up right now and am writing this post through space.
Took less than 5 mins. Easily carried in a backpack.
This product will change the world.
— Elon Musk (@elonmusk) June 17, 2024
SpaceX CEO Elon Musk က ဒီ ထုတ်ကုန်ဟာ ကမ္ယာကို ပြောင်းလဲသွားစေမယ်လို့ ပြောပါတယ်။ သူက X မှာ “ ကျွန်တော် အဲဒါကို Set Up လုပ်ပြီး ဂြိုလ်တု အင်တာနက်နဲ့ ဒီပို့စ်ကို ရေးသားနေတာပါ။ Set Up လုပ်ရတာ ၅ မိနစ်တောင် မကြာပါဘူး။ ကျောပိုးအိတ်ထဲ လွယ်ကူစွာ ထည့်သွားနိုင်ပါတယ်။ “ လို့ ရေးသားထားပါတယ်။
Starlink Mini ရဲ့ အရွယ်အစား အပြည့်အစုံဟာ 11.75 x 10.2 x 1.45 inches (298.5 x 259 x 38.5mm) ဖြစ်ပြီး အလေးချိန်က ၂.၄၃ ပေါင် (၁.၁ ကီလိုဂရမ်) ပဲ ရှိပါတယ်။ IP67 စံနှုန်း ပါလာပြီး မိုးရေစိုတာနဲ့ ဖုန်မဝင်အောင် ကာကွယ်နိုင်ပါတယ်။ ရေထဲမှာ အချိန်တို နစ်မြုပ်တာကိုလည်း ခံနိုင်ပါတယ်။
အမေရိကန်မှာ Starlink Mini Kit ကို ၅၉၉ ဒေါ်လာ သတ်မှတ်ထားပြီး လက်ရှိ ၁၂၀ ဒေါ်လာ Residential Plan ယူထားသူတွေဟာ Mini Roam ဝန်ဆောင်မှုကို ၁ လ ဒေါ်လာ ၃၀ နဲ့အသုံးပြုနိုင်ပါတယ်။
Ref : theverge
The post SpaceX က ကျောပိုးအိတ်ထဲ ထည့်သွားနိုင်တဲ့ Starlink Mini ကို ရောင်းချ appeared first on MyTech Myanmar.
Comments
Post a Comment