Nio က ရှန်ဟိုင်းမှာ ကျင်းပတဲ့ Innovation Day မှာ Nio Phone 2 ကို ကြေညာလိုက်ပါတယ်။ Nio Phone 2 ဟာ ဒီဇိုင်း အပိုင်းမှာ မူလ ဖုန်းနဲ့ များစွာ တူညီပြီး စွမ်းရည်မြင့် Specs တွေ ထည့်သွင်းထားပါတယ်။ Nio Phone 2 ရဲ့ အဓိက စွဲဆောင်မှုက ကုမ္ပဏီရဲ့ လျှပ်စစ်ကားတွေနဲ့ ချိတ်ဆက်အလုပ်လုပ်နိုင်တာပါ။ ဖုန်းရဲ့ ဘယ်ဘက်ခြမ်းမှာ ခလုတ် ၁ ခု တပ်ဆင်ထားပြီး ကား Function တွေကို ထိန်းချုပ်နိုင်ပါတယ်။ အဲဒီခလုတ်ကို ဖိထားရင် သင်နှစ်သက်တဲ့ ဖုန်း Action ကို Customize လုပ်နိုင်ပါတယ်။
Nio Phone 2 ကို ကားသော့အနေနဲ့ အသုံးပြုနိုင်ပါတယ်။ Nio Link က ကားရဲ့ Infotainment System ကနေ သင့်ဖုန်းကို အသုံးပြုနိုင်ပါတယ်။ Gallery , File Browser , Office Apps နဲ့ Chat Clients အပါအဝင် ဖုန်း App တွေကို ထပ်မံ တိုးချဲ့ပေးမှာပါ။
Specs အကြောင်းပြောရရင် 6.82” 2K 120Hz LTPO Ultra HDR Display တပ်ဆင်ထားပြီး 2,600 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Snapdragon 8 Gen 3 Chipset မောင်းနှင်ထားပါတယ်။ 48MP Main , 48MP Ultrawide နဲ့ 50MP Periscope Telephoto ကင်မရာတွေ တပ်ဆင်ထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး 80W Wired, 50W Wireless Charging ထောက်ပံ့တဲ့ 5,020mAh Battery တပ်ဆင်ထားပါတယ်။
Nio Phone 2 ကို ၆,၄၉၉ ယွမ် သတ်မှတ်ထားပြီး ၈၉၆ ဒေါ်လာ ဝန်းကျင် ကျသင့်မှာပါ။
Ref : gsmarena
The post Snapdragon 8 Gen 3 နဲ့ 120Hz LTPO Display ပါတဲ့ Nio Phone 2 ကို ကြေညာ appeared first on MyTech Myanmar.
Comments
Post a Comment