Tecno က Camon 30S Pro ကို ကြေညာလိုက်ပြီး ကြိုးမဲ့အားသွင်း စနစ် ပါတဲ့ Tecno ရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။
Camon 30S Pro မှာ Helio G100 Chipset အသစ်ကို အသုံးပြုထားပါတယ်။ Chip မှာ CA 2.0 နည်းပညာ ထည့်သွင်းထားပြီး Download Speed ကို 300 Mbits အထိ ရရှိစေကာ Tecno က 4.5G လို့ ပြောပါတယ်။ အဲဒီဖုန်းမှာ 5G တော့ မပါလာပါဘူး။ 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။
6.78” AMOLED Full HD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 50MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 50MP (OIS) နဲ့ 2MP Depth ကင်မရာ ၂ လုံး ပါပါတယ်။
45W Wired ,20W Wireless Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး IP53 ရေစိုခံစံနှုန်း ပါပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Android 14 အခြေပြု HIOS မောင်းနှင်ထားပါတယ်။ Tecno က ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။
Ref : gsmarena
The post Tecno က Helio G100 ပါတဲ့ ပထမဆုံး ဖုန်း Camon 30S Pro ကို ကြေညာ appeared first on MyTech Myanmar.
Comments
Post a Comment