၁၀ မိနစ်ထဲနဲ့ အားအပြည့်သွင်းပေးနိုင်တဲ့ လျှပ်စစ်ကား Battery

ဒီနှစ် အစောပိုင်းမှာ Adden Energy ကုမ္ပဏီက ကြီးမားတဲ့ အကျိုးကျေးဇူးများစွာ ရစေတဲ့ Lithium-metal Solid-state Battery ကို တီထွင်နေတယ်လို့ ကြေညာလိုက်ပြီး နိုင်ငံတကာ သတင်းမီဒီယာတွေမှာ နာမည်ကြီးသွားခဲ့ပါတယ်။

Harvard’s 6,000-cycle EV battery that charges in 10 minutes gets funding boost

အဲဒီ Battery ဟာ ၁၀ မိနစ်ထဲနဲ့ လျှပ်စစ်ကားကို အားအပြည့်သွင်းပေးနိုင်ပြီး Charging Cycle က အနည်းဆုံး အကြိမ် ၆,၀၀၀ ရှိပါတယ်။

အခုတော့ အဲဒီ Battery နည်းပညာဟာ တကယ် ဖြစ်လာတော့မှာပါ။ Adden Energy က လျှပ်စစ်ကား ဈေးကွက်ကို အလွန်လျှင်မြန်စွာ အားသွင်းနိုင်တဲ့ Battery ကို ယူဆောင်ပေးဖို့ ရင်းနှီးမြှပ်နှံငွေ ဒေါ်လာ ၁၅ သန်း ရထားတယ်လို့ ပြောပါတယ်။

Is DC fast charging bad for your EV battery? | EVBox

Adden Energy ကို ပူးတွဲ တည်ထောင်ထားတဲ့ Xin Li က “ Lithium Metal Anode Battery ဟာ Graphite Anodes ထက် သိုလှောင်နိုင်တဲ့ ပမာဏက ၁၀ ဆ ပိုများပြီး လျှပ်စစ်ကား မောင်းနှင်နိုင်တဲ့ အကွာအဝေးကို ပိုမိုတိုးတက်စေပါတယ်။ “ လို့ ပြောပါတယ်။

စမ်းသပ်မှုမှာ Adden Energy ဟာ ဒီ Battery နည်းပညာဟာ အကြိမ် ၆,၀၀၀ အားသွင်းပြီးနောက်မှာ ၈၀ ရာခိုင်နှုန်း ကျန်ရှိနေသေးတာကို သရုပ်ပြသနိုင်ခဲ့ပါတယ်။ အဲဒီအတွက် လက်ရှိ Pouch Cell Battery တွေထက် စွမ်းဆောင်ရည်ပိုကောင်းပါတယ်။

အနာဂတ်မှာ လျှပ်စစ်ကားတွေကို မိနစ် အနည်းငယ်အားသွင်းတာနဲ့ မိုင်ပေါင်းများစွာ မောင်းနှင်နိုင်တော့မှာ ဖြစ်ပါတယ်။

Ref : interestingengineering

The post ၁၀ မိနစ်ထဲနဲ့ အားအပြည့်သွင်းပေးနိုင်တဲ့ လျှပ်စစ်ကား Battery appeared first on MyTech Myanmar.

Comments