ဆော်ဒီအာရေးဗီးယားက ကမ္ဘာ့အကြီးမားဆုံး အဆောက်အဦးကို တည်ဆောက်နေ

ဆော်ဒီအာရေးဗီးယားဟာ ဗိသုကာ နည်းပညာ နယ်နိမိတ်ကို ကျော်လွန်ပြီး ကမ္ဘာ့အကြီးမားဆုံး အဆောက်အဦးကို တည်ဆောက်နေပါတယ်။ The Mukaab လို့ အမည်ပေးထားတဲ့ ကုဗတုံး ပုံသဏ္ဍာန် မိုးမျှော် အဆောက်အဦး ဖြစ်ပြီး အရှည်၊ အကျယ်နဲ့ အနက်က ၄၀၀ မီတာ ရှိပါတယ်။ အဲဒီ အဆောက်အဦးကို ဆော်ဒီအာရေးဗီးယားမှ Riyadh မှာ တည်ဆောက်နေတာ ဖြစ်ပါတယ်။

World's largest building: cube-shaped Mukaab supertall skyscraper in Riyadh

Saudi Public Investment Fund က ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး ကြီးလှပါတယ်ဆိုတဲ့ နယူးယောက်စီးတီးမှ Empire State Building အလုံး ၂၀ ကို ထည့်သွင်းထားနိုင်ပါတယ်။ အဲဒီအတွက် ကမ္ဘာ့အကြီးမားဆုံး အဆောက်အဦး ဖြစ်လာမှာပါ။

World's largest building in Riyadh

အဆောက်အဦး အပြင်ပိုင်းကို အစ္စလမ် အငွေ့အသက်တွေနဲ့ တည်ဆောက်ထားမှာ ဖြစ်ပြီး အတွင်းပိုင်းမှာ Holographic Display တွေပါတဲ့ ခေတ်ရှေ့ပြေး Structure တွေ ထည့်သွင်းထားပါတယ်။

ကြမ်းပြင်ဧရိယာဟာ စတုရန်းမီတာ ၂ သန်း ဝန်းကျင်ရှိပြီး The Mukaab ကိုလည်ပတ်သူတွေဟာ လတ်စ်ဗီးဂတ်စ်ရဲ့ Sphere မှ 4D Immersive နည်းပညာနဲ့တူတဲ့ အတွေ့အကြုံကို ခံစားရမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ Riyadh ရဲ့ New Murabba ခရိုင်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

Ref : Tech Explorers

The post ဆော်ဒီအာရေးဗီးယားက ကမ္ဘာ့အကြီးမားဆုံး အဆောက်အဦးကို တည်ဆောက်နေ appeared first on MyTech Myanmar.

Comments