
Bitcoin တစ်ခုရဲ့ တန်ဖိုးဟာ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ဒေါ်လာ ၉၈,၀၀၀ အထိ စံချိန်တင် မြင့်တက်သွားခဲ့ပါတယ်။ Bitcoin အရောင်းအဝယ် လုပ်နေသူတွေက ဒေါ်လာ ၁၈၀,၀၀၀ အထိ ထိုးတက်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒေါ်နယ်ထရမ့် သမ္မတ အဖြစ် ရွေးကောက်ခံရပြီးကတည်းက Bitcoin ရဲ့ တန်ဖိုးဟာ ၄၀ ရာခိုင်နှုန်း တိုးတက်သွားခဲ့တာ ဖြစ်ပါတယ်။ သူက ဒစ်ဂျစ်တယ် ငွေကြေးကို တိုးတက်ဖွံ့ဖြိုးအောင် ကူညီလုပ်ဆောင်ပေးမယ်လို့ ပြောထားပါတယ်။ ရင်းနှီးမြှပ်နှံသူတွေက Bitcoin ရဲ့ တန်ဖိုးဟာ မကြာခင်မှာ ဒေါ်လာ ၁ သိန်းအထိ ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
ထရမ့်ပိုင်တဲ့ Trump Media & Technology Group ဟာ Crypto အရောင်းအဝယ်ပြုလုပ်နေတဲ့ Bakkt (BKKT) ကုမ္ပဏီကို ဝယ်ယူဖို့ ဆွေးနွေးနေတယ်လို့ Financial Times က ပြောပါတယ်။
ထရမ့် ရဲ့ အစိုးရ အသစ်ဟာ ဒစ်ဂျစ်တယ် ငွေကြေး မူဝါဒ အသစ်ကို ပြုလုပ်မယ်လို့ သတင်းထွက်နေပါတယ်။ ဒါဟာ ဒစ်ဂျစ်တယ်ငွေကြေး အရောင်းအဝယ် ပြုလုပ်နေသူတွေအတွက် အလားအလာကောင်းပြီး ဒစ်ဂျစ်တယ်ငွေကြေးကို ပိုမို ခိုင်မာလာစေပါတယ်။
ထရမ့် ရဲ့ လက်ထပ်မှာ ဒစ်ဂျစ်တယ် ငွေကြေး မူဝါဒတွေ ဘယ်လို ပြောင်းလဲလာမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Ref : Yahoo
The post Bitcoin တစ်ခုရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁ သိန်းနီးပါး ဖြစ်သွားပြီ appeared first on MyTech Myanmar.
Comments
Post a Comment