တောင်ကိုရီးယားဟာ လုပ်ငန်းခွင်မှာ စက်ရုပ် အများဆုံး သုံးတဲ့ နိုင်ငံ  ဖြစ်လာ

တောင်ကိုရီးယားဟာ ကမ္ဘာမှာ စက်ရုပ် လုပ်သား အများဆုံး သုံးတဲ့ နိုင်ငံဖြစ်လာပြီး လူသား ဝန်ထမ်း ၁၀,၀၀၀ မှာ စက်ရုပ် ၁,၀၁၂ ရုပ်ကို အသုံးပြုနေပါတယ်။ တစ်နည်းအားဖြင့် လုပ်သား အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းကို စက်ရုပ်တွေနဲ့ အစားထိုးထားတာ ဖြစ်ပြီး ကမ္ဘာမှာ ပထမဆုံး ဖြစ်လာပါတယ်။

Industrial Robots Push Into New Applications and Industries - Articles - Automation Alley

တောင်ကိုရီးယားမှာ ကလေးမွေးဖွားမှုနှုန်း ကျဆင်းပြီး လူဦးရေ နည်းပါးလာတာကြောင့် အခုလို စက်ရုပ်တွေကို လုပ်ငန်းခွင်မှာ ပိုမို အသုံးပြုလာကြတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က စတင်ကာ တောင်ကိုရီးယားဟာ နှစ်စဉ် စက်ရုပ် အသုံးပြုမှု ၅ ရာခိုင်နှုန်း တိုးတက်အောင် ပြုလုပ်ခဲ့ပါတယ်။

Industrial robots are good for the economy, study suggests | ZDNET

တရုတ်က နံပါတ် ၂ နေရာမှာ ရပ်တည်နေပြီး လူသား ဝန်ထမ်း ၁၀,၀၀၀ မှာ စက်ရုပ် ၄၇၀ ကို အသုံးပြုနေပါတယ်။ ဂျာမနီနဲ့ ဂျပန်ထက် ပိုများနေတယ်လို့ နိုင်ငံတကာ စက်ရုပ် ဖယ်ဒရေးရှင်းက ပြောပါတယ်။

တစ်ကမ္ဘာလုံးမှာ စက်ရုံ အလုပ်ရုံတွေမှာ စက်ရုပ်  အသုံးပြုမှုဟာ ပြီးခဲ့တဲ့ ၇ နှစ်အတွင်း ၂ ဆကျော် များပြားလာပါတယ်။ တောင်ကိုရီးယားကတော့ ကမ္ဘာ့ နိုင်ငံအားလုံးထဲမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

စက်ရုပ်တွေကို အစောပိုင်းမှာ စက်မှုလုပ်ငန်းတွေမှာပဲ အသုံးပြုခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာ နယ်ပယ်ပေါင်းစုံမှာ အသုံးပြုလာကြပါတယ်။ နေအိမ်မှာ အလုပ်တွေ ကူညီလုပ်ကိုင်ပေးနိုင်တဲ့ စက်ရုပ်တွေတောင် ပေါ်လာကြပါပြီ။ အခုတော့ ဒီထက်ပိုစွမ်းရည်မြင့်မားတဲ့ AI စက်ရုပ်တွေကို အသုံးပြုနိုင်ပါပြီ။

Ref : Tech Explorers

The post တောင်ကိုရီးယားဟာ လုပ်ငန်းခွင်မှာ စက်ရုပ် အများဆုံး သုံးတဲ့ နိုင်ငံ  ဖြစ်လာ appeared first on MyTech Myanmar.

Comments