နံရံမှာ တိပ်နဲ့ ကပ်ထားတဲ့ ငှက်ပျောသီး အနုပညာလက်ရာကို ဒေါ်လာ ၆.၂ သန်းနဲ့ ဝယ်ယူပြီးနောက် စားပြလိုက်တဲ့ Crypto ရင်းနှီးမြှပ်နှံသူ

Crypto ရင်းနှီးမြှပ်နှံသူ Justin Sun ဟာ ပြီးခဲ့တဲ့ တစ်ပတ်က Comedian အမည်ရ နံရံမှာ တိပ်နဲ့ ကပ်ထားတဲ့ ငှက်ပျောသီး အနုပညာလက်ရာကို ဒေါ်လာ ၆.၂ သန်းနဲ့ ဝယ်ခဲ့တဲ့အတွက် နိုင်ငံတကာ သတင်းတွေမှာ ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။ အခုတော့ သူက ဟောင်ကောင်မှ ပင်နီဆူးလား ဟိုတယ်မှာ သတင်းထောက်တွေ၊ ထင်ပေါ်ကျော်ကြားသူတွေကို ဖိတ်ခေါ်ပြီး ဒေါ်လာ သန်းချီပေးဝယ်ထားတဲ့ ငှက်ပျောသီးကို စားပြလိုက်ပါတယ်။
Comedian ကို အီတလီ အနုပညာရှင် Maurizio Cattelan က ဖန်တီးထားတာ ဖြစ်ပြီး Sun က နယူးယောက်မှ Sotheby ရဲ့ လေလံပွဲမှာ ဝယ်ယူခဲ့တာပါ။ Sun က လေလံဆွဲသူ ၇ ယောက်ထဲကမှ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ သူက လေလံအောင်တာကို မယုံကြည်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။
Sun က ငှက်ပျောသီးကို တစ်ကိုက်ကိုက်ပြီးနောက်မှာ အရမ်းကို ကောင်းပါတယ်လို့ နောက်ပြောင်လိုက်ပါသေးတယ်။ သူက အဲဒီ အနုပညာလက်ရာရဲ့ Concept ကမှ တကယ်ကို တန်ဖိုးရှိတာလို့ ပြောပါတယ်။
Comedian ဟာ 2019 Art Basel in Miami Beach မှာ ပထမဆုံး နာမည်ကြီးလာတာ ဖြစ်ပြီး ထူးခြားတဲ့ ဒီဇိုင်းကြောင့် အနုပညာလက်ရာ အဖြစ် အရည်အသွေး မှီမှု အပေါ် ဝေဖန်ငြင်းခုန်မှုများစွာ ဖြစ်ခဲ့ပါတယ်။ ဖန်တီးသူ Cattelan ရဲ့ ရည်ရွယ်ချက်က အဲဒီလို ဆွေးနွေးမှုတွေကို တွန်းအားပေးဖို့ ဖြစ်ပြီး အခုလို Sun ရဲ့ ငှက်ပျောသီးကို စားလိုက်တာဟာ အနုပညာလက်ရာရဲ့ သမိုင်းကို ပိုမို ကျော်ကြားသွားစေပါတယ်။
Ref : economictimes
The post နံရံမှာ တိပ်နဲ့ ကပ်ထားတဲ့ ငှက်ပျောသီး အနုပညာလက်ရာကို ဒေါ်လာ ၆.၂ သန်းနဲ့ ဝယ်ယူပြီးနောက် စားပြလိုက်တဲ့ Crypto ရင်းနှီးမြှပ်နှံသူ appeared first on MyTech Myanmar.
Comments
Post a Comment