Elon Musk က နောက် ၂ နှစ်အတွင်း Tesla Cybertruck နဲ့ Optimus ကို အင်္ဂါဂြိုလ်ကို ပို့ဆောင်နိုင်မယ်လို့ ပြော

Elon Musk က နောက် ၂ နှစ်အတွင်း လူမပါတဲ့ Starship ဒုံးပျံနဲ့ အင်္ဂါဂြိုလ်ကို သွားနိုင်မယ်လို့ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ သူက အဲဒီ စီမံကိန်းနဲ့ Tesla Cybertruck နဲ့ Optimus စက်ရုပ်ကို အင်္ဂါဂြိုလ်ကို ပို့ဆောင်မယ်လို့ ပြောပါတယ်။
Musk ဟာ Starship ဒုံးပျံကို ၆ ကြိမ်မြောက် စမ်းသပ်လွှတ်တင်ပြီးနောက်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ သူက Starship ရဲ့ အကြီးမားဆုံး နည်းပညာ စိန်ခေါ်မှုက အပြည့်အဝ ပြန်လည် အသုံးပြုနိုင်ဖို့ ဖြစ်တယ်လို့ နောက်ထပ် ပို့စ်တစ်ခုမှာ ရေးသားထားပါတယ်။
Musk က နောက် ၂ နှစ်အတွင်း လူမပါတဲ့ Starship Mission များစွာကို ပြုလုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဒီစီမံကိန်းတွေ အောင်မြင်ရင် လူပါတဲ့ Starship စီမံကိန်းကို နောက် ၄ နှစ်အတွင်း ပြုလုပ်နိုင်မယ်လို့ ပြောပါတယ်။ လူမပါတဲ့ Starship စီမံကိန်းနဲ့ အင်္ဂါဂြိုလ်ကို သွားမယ်ဆိုတာ တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။
Tesla Cybertruck နဲ့ Optimus စက်ရုပ်ကို အင်္ဂါဂြိုလ်ကို ပို့မယ်ဆိုတာ သဘာဝ ကျပါတယ်။ Cybertruck ဟာ ကြမ်းတမ်းတဲ့ တောင်ကုန်းတွေမှာ အလုပ်လုပ်နိုင်အောင် ဒီဇိုင်းထုတ်ထားပြီး Optimus ဟာ လူသားတွေလို အလုပ်လုပ်နိုင်ပါတယ်။
Ref : teslarati
The post Elon Musk က နောက် ၂ နှစ်အတွင်း Tesla Cybertruck နဲ့ Optimus ကို အင်္ဂါဂြိုလ်ကို ပို့ဆောင်နိုင်မယ်လို့ ပြော appeared first on MyTech Myanmar.
Comments
Post a Comment