ကုမ္ပဏီတွေက Bezel မပါတဲ့ ဖုန်းတွေကို ထုတ်လုပ်ရောင်းချဖို့ ကြိုးစားနေကြပြီး အခုထိတော့ မထွက်လာသေးပါဘူး။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာတော့ Bezel တွေဟာ တော်တော် သေးလာကြပါတယ်။ Apple ဟာ Samsung Display , LG Display တို့နဲ့ ပူးပေါင်းပြီး Bezel မပါတဲ့ iPhone ကို ထုတ်လုပ်ဖို့ ကြိုးစားနေတာ နှစ်များစွာ ကြာပါပြီ။ ဒါပေမယ့် ထုတ်လုပ်ရောင်းချဖို့ မနီးစပ်သေးပါဘူး။

မူလက Apple ဟာ Bezel မပါတဲ့ iPhone ကို ၂၀၂၅ သို့မဟုတ် ၂၀၂၆ ခုနှစ်မှာ ရောင်းချချင်ခဲ့တာပါ။ ကိုရီးယားက ထွက်လာတဲ့ သတင်း အသစ်အရ Apple ဟာ အဲဒီဖုန်းကို ၂၀၂၆ ခုနှစ်နောက်ပိုင်းကျမှ ရောင်းချနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ နည်းပညာ မအောင်မြင်သေးလို့ ဖြစ်ပါတယ်။
![Apple Zero Bezel iPhone Faces Development Delays and Uncertain Launch Timeline [Report] - iClarified](https://www.iclarified.com/images/news/95935/458502/458502-640.jpg)
Apple ဟာ အဲဒီဖုန်းမှာ မျက်နှာပြင်ပြားကို သုံးထားချင်ပြီး လေးဘက်လေးတန်ထောင့်တွေမှာ ကွေးညွှတ်ချင်တယ်လို့ သိရပါတယ်။ Quad Micro Curve Design လို့ ပြောပါတယ်။ အဲဒီ ဒီဇိုင်းကို တရုတ် စမတ်ဖုန်း ကုမ္ပဏီတွေကလည်း အသုံးပြုထားကြပါတယ်။
Apple ဟာ ဖုန်း ဒီဇိုင်းအတွက် အသေးစိတ်ကို သတ်မှတ်ထားပြီးပြီ ဖြစ်ပေမယ့် အမြောက်အများ မထုတ်လုပ်နိုင်သေးပါဘူး။ Apple ရဲ့ Bezel မပါတဲ့ iPhone ဟာ အစောဆုံး အနေနဲ့ ၂၀၂၇ ခုနှစ်ကျမှ ထွက်လာနိုင်ပါတယ်။
Ref : gsmarena
The post Apple ရဲ့ Bezel မပါတဲ့ iPhone ၂၀၂၆ ခုနှစ်နောက်ပိုင်းမှ ထွက်လာနိုင် appeared first on MyTech Myanmar.
Comments
Post a Comment