
တိုယိုတာ က BYD လို တရုတ် ကားကုမ္ပဏီတွေကို ယှဉ်ပြိုင်ဖို့အတွက် တရုတ် နိုင်ငံ ရှန်ဟိုင်းမှာ လျှပ်စစ်ကား စက်ရုံ အသစ် တစ်ခု တည်ဆောက်ဖို့ စီစဉ်နေပါတယ်။
အဲဒီစက်ရုံမှာ တိုယိုတာရဲ့ Luxury Brand ဖြစ်တဲ့ Lexus ကားတွေကို ထုတ်လုပ်မှာပါ။ တိုယိုတာက ဒီသတင်းကို မပြောသေးပေမယ့် အခွန်လျှော့ချပေးတာ အပါအဝင် တရုတ် အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
တိုယိုတာဟာ တရုတ်မှာ GAC Group ၊ FAW Group တို့နဲ့ ပူးပေါင်းထားပေမယ့် အခု စက်ရုံ အသစ်ကို လွတ်လပ်စွာ အသုံးပြုမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက ၂၀၂၇ ခုနှစ်မှာ စက်ရုံ စတင် လည်ပတ်ဖို့ ရည်မှန်းထားပါတယ်။
တိုယိုတာဟာ ကမ္ဘာ့ အကြီးဆုံး ကားထုတ်လုပ်သူ ဖြစ်ပေမယ့် တရုတ်မှာ ဈေးကွက်ဝေစု ဆုံးရှုံးနေပါတယ်။ ကုမ္ပဏီဟာ တရုတ် ကားထုတ်လုပ်သူတွေကို ယှဉ်ပြိုင်ဖို့ ၂၀၃၀ ခုနှစ်မှာ တရုတ်မှာ နှစ်စဉ် အနည်းဆုံး ကား ၂.၅ သန်းထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ မကြာခင်ကပဲ တိုယိုတာဟာ တရုတ်မှာ bZ3X EV ကို ဒေါ်လာ ၁၃,၈၀၀ နဲ့ ကြိုတင်ဝယ်ယူခွင့်ပြုခဲ့ပါတယ်။
Ref : Tech Explorers
The post တိုယိုတာက တရုတ်မှာ လျှပ်စစ်ကား စက်ရုံ တည်ဆောက်မည် appeared first on MyTech Myanmar.
Comments
Post a Comment