Caviar က သိန်း ၃,၀၀၀ ကျော်တန်တဲ့ Huawei Mate XT Ultimate ကို ကြေညာ

Caviar က စက်တင်ဘာလမှာ Huawei Mate XT Ultimate ရဲ့ Black Dragon နဲ့ Gold Dragon Version တွေကို ကြေညာခဲ့ပြီး ဒုတိယ မော်ဒယ်မှာ ၂၄ ကာရက် ရွှေနဲ့ အလှဆင်ထားပါတယ်။ အခုတော့ ကုမ္ပဏီက ၁၈ ကာရက် ရွှေနဲ့ သွန်းလောင်းထားတဲ့ Huawei Mate XT Ultimate ကို မိတ်ဆက်လိုက်ပါတယ်။

Caviar unveils Huawei Mate XT Ultimate with an 18k gold body weighing about 1 kg, costs over $100k - GSMArena.com news

အဲဒီ မော်ဒယ်ရဲ့ ဒီဇိုင်းဟာ Gold Dragon နဲ့ တူညီပေမယ့် ၁ ကီလိုဂရမ် အလေးချိန်ရှိပါတယ်။ ဈေးကလည်း မသေးပါဘူး။ ဒေါ်လာ ၁၀၀,၀၀၀ သတ်မှတ်ထားပြီး မြန်မာငွေ သိန်း ၃,၅၀၀ ဝန်းကျင်ရှိပါတယ်။ Caviar က အမေရိကန်မှ လူချမ်းသာအတွက် ၁ လုံးပဲ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး အဲဒါကြောင့် သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ မတင်ထားတာလို့ ပြောပါတယ်။

၂၄ ကာရက် မော်ဒယ်ကို ဒေါ်လာ ၁၄,၅၀၀ နဲ့ ရောင်းချပေးထားတာ ဖြစ်ပါတယ်။ Caviar က တရုတ် ယဉ်ကျေးမှုမှာ ကံကောင်းတဲ့ ဂဏန်း ဖြစ်တဲ့ ၈၈ ကို အစွဲပြုကာ အဲဒီဖုန်းကို ၈၈ လုံးပဲ ရောင်းချပေးထားတာ ဖြစ်ပါတယ်။

Huawei က ရောင်းချထားတဲ့ Mate XT Ultimate ရဲ့ ဈေးနှုန်းက ၂,၇၄၀ ဒေါ်လာ ဖြစ်ပြီး လက်ရှိမှာ တရုတ်မှာပဲ ရောင်းချထားပါတယ်။ ၂၀၂၆ ခုနှစ် ကွာတား ၁ မှာ နိုင်ငံတကာမှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။

Ref : gsmarena

The post Caviar က သိန်း ၃,၀၀၀ ကျော်တန်တဲ့ Huawei Mate XT Ultimate ကို ကြေညာ appeared first on MyTech Myanmar.

Comments