
ဂျာမနီရဲ့ Fraunhofer Institute ရဲ့ သုတေသန စစ်တမ်းအရ EV ကားတွေကို Bidirectional Charging ကို အသုံးပြုပြီး နေအိမ်အတွက် လျှပ်စစ်ဓါတ်အားပေးတဲ့ စက်တွေ အဖြစ် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
ဂျာမနီမှ လျှပ်စစ်ကားတွေကို နေ့စဉ် ၁ နာရီလောက်ပဲ အသုံးပြုကြပြီး ကျန်တဲ့ ၂၃ နာရီမှာ အားသွင်းထားနိုင်ပါတယ်။ EV တွေကို နေ့လည်ဘက်မှာ အားသွင်းထားနိုင်ပြီး ညအချိန်မှာ နေအိမ်အတွက် လျှပ်စစ်ဓါတ်အား ပံ့ပိုးပေးနိုင်ပါတယ်။
သုတေသန စစ်တမ်းအရ EV ကားတွေဟာ ဥရောပသမဂ္ဂရဲ့ စွမ်းအင် လိုအပ်ချက်ကို ၉ ရာခိုင်နှုန်း ဖြည့်ဆည်းပေးနိုင်မယ်လို့ သိရပါတယ်။ အဲဒီအတွက် EV ကားပိုင်ရှင်တွေဟာ တစ်နှစ်မှာ နေအိမ်အတွက် လျှပ်စစ်ဓါတ်အားခ ၃၁ ယူရို ကနေ ၇၈၀ ယူရို သက်သာစေနိုင်ပါတယ်။
EV ကားတွေဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု မရှိဘဲ လောင်စာဆီ သုံးစွဲမှုကို လျှော့ချပေးနိုင်ပါတယ်။ အနာဂတ်မှာတော့ EV ကားတွေကို နေအိမ်ကို လျှပ်စစ်ဓါတ်အားပေးနိုင်တဲ့ စက်တွေ အဖြစ်ပါ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
Ref : Technology Innovation
The post EV ကားတွေကို နေအိမ်ကို လျှပ်စစ်ဓါတ်အားပေးတဲ့ စက်တွေ အဖြစ် အသုံးပြုနိုင်မည် appeared first on MyTech Myanmar.
Comments
Post a Comment